DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်အဖွဲ့က အစ္စရေးနှင့် ထိုင်း ဓားစာခံများကို ထပ်မံလွှတ်ပေး
DVB
·
November 30, 2023
ဟားမတ်စ်အဖွဲ့က အစ္စရေးနှင့် ထိုင်း ဓားစာခံများကို ထပ်မံလွှတ်ပေး
Donate to DVB

အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ်တွေအကြားက ဂါဇာစစ်ပွဲရဲ့ အပစ်အခတ် ရပ်စဲရေးကို သက်တမ်း ၂ ရက် ထပ်တိုးပြီးတဲ့ နောက်ဆုံးရက်ဖြစ်တဲ့ နိုဝင်ဘာလ ၂၉ ရက်မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးဓားစာခံ ၁၆ ယောက်ကို ထပ်လွှတ်ပေးလိုက်ပါတယ်။

အရပ်သားအုပ်စုထဲမှာ အစ္စရေးနိုင်ငံသားတွေ၊ ၂ နိုင်ငံသား ခံယူထားသူတွေနဲ့ ထိုင်းနိုင်ငံသားတွေ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဓားစာခံနဲ့ ပျောက်ဆုံးမိသားစုများဖိုရမ်ရဲ့ အကြံပေးအဖွဲ့ဟာ ပြန်လွတ်လာပြီဆိုတဲ့ အသက် ၁၃ နှစ်မှ ၅၇ နှစ်ကြားရှိ အစ္စရေး ၁၀ ဦးရဲ့ ဓာတ်ပုံတွေနဲ့ အသက် ၅၀ နဲ့ ၇၃ နှစ်ရှိ ရုရှား-အစ္စရေး ၂ ဦးတို့ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုရဲ့ ရုံးခန်းမှ ဗုဒ္ဓဟူးနေ့ညက လွတ်မြောက်လာသူ ရုရှား-အစ္စရေး အမျိုးသမီးနှစ်ဦးဖြစ်တဲ့ အသက် ၅၀ အရွယ် ယယ်လီနာ ထရူပါနော့ဗ်နဲ့ အသက် ၇၃ နှစ်ရှိ အိုင်ရီနာ တာတီတို့ရဲ့ ဓာတ်ပုံတွေကို အတည်ပြုခဲ့ပါတယ်။ 

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အပြန်အလှန်အားဖြင့် အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသားအယောက် ၃၀ ကို ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ လွှတ်ပေးမှာဖြစ်ပြီး အဲ့ဒီထဲမှာ အရွယ်မရောက်သေးသူ ၁၆ ဦးနဲ့ အမျိုးသမီး ၁၄ ဦးတို့ ပါဝင်ကြောင်း ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျဒ် အလ်အန်ဆာရီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာ အမျိုးသမီးတွေကို နိုင်ငံတကာ ကြက်ခြေနီကော်မတီဆီ လွှဲပြောင်းပေးအပ်ပြီးနောက် ဂါဇာကမ်းမြောင်ကနေ ကားမောင်းထွက်သွားပုံတို့ကို ပြသခဲ့ပါတယ်။

Source/Photo-Reuters/Hamas Military Wing

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013