DVB Logo
Home
မြန်မာသတင်း
အန်စီစီတီနှင့် ၈၈ မျိုးဆက် တွေ့ဆုံဆွေးနွေး
DVB
·
August 19, 2014
အန်စီစီတီနှင့် ၈၈ မျိုးဆက် တွေ့ဆုံဆွေးနွေး
Donate to DVB

လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ ဒီကနေ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_62728" align="alignright" width="300"]တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ -၈၈ မျိုးဆက်) တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ -၈၈ မျိုးဆက်)[/caption]

ရန်ကုန်မှာရောက် ရှိနေတဲ့  တနိုင်ငံလုံးအ ပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ခေါင်းဆောင်တွေ ဟာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး အတွက်  ပြီးခဲ့တဲ့ရက်တွေက ရန်ကုန်မှာ  ဆွေးနွေးညှိနှိုင်း မှုတွေကို  အစိုးရနဲ့ရော နိုင်ငံရေးပါတီတွေနဲ့ပါ  ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မွန်လွဲပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ အန်စီစီတီက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု နောက်ဆုံး အခြေအနေတွေကို ရှင်းပြတယ်လို့  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်း ဆောင်တဦးဖြစ်တဲ့ ဦးမြအေးက ပြောပါတယ်။

“အန်စီစီတီနဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဆွေးနွေးခဲ့တဲ့ အခြေအနေတွေအကုန်လုံး ကျနော်တို့ကို ရှင်းပြပါတယ်။ လက်ရှိ ဆက်သွားမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အခြေအနေကို ရင်းရင်းနှီးနှီးပူးပေါင်း လုပ်သွားဖို့ ဆွေးနွေးဖြစ်ပါတယ်။ ကျနော်တို့ ၈၈ အဖွဲ့ကတော့ တိုင်းရင်းသားတွေနဲ့ တသားတည်းရှိပါတယ်။ ကျနော်တို့က ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ဟာကိုလည်း ငွေရတုကြေညာစာတမ်းပါ အချက်တွေမှာ အတိအလင်း ဖော်ပြထားပြီးဖြစ်တယ်။ ကျနော်တို့ကြားမှာတော့ ကွဲပြားစရာမရှိဘူး။ သို့သော် လက်တွေ့နိုင်ငံရေးအခြေအနေအရ တဆင့်ချင်းတဆင့်ချင်း သွားရမယ်ဆိုတဲ့သဘောသာ ကျနော်တို့မှာ ရှိပါတယ်။”

ဒီတွေ့ဆုံပွဲမှာ အန်စီစီတီခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွန်မော်၊ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း၊ ဗိုလ်မှူးစောလုံ့လုံနဲ့ ဦးရွှေအောင်မြတ်တို့ ပါဝင်တက်ရောက်ပြီး ၈၈ မျိုးဆက်ဘက်ကတော့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

၈၈ မျိုးဆက်အနေနဲ့ တိုင်းရင်းသားတွေနဲ့ နီးနီးကပ်ကပ်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်ကိုပါ ဆွေးနွေးဖြစ်ခဲ့တဲ့အတွက် ၈၈ ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ တိုင်းရင်းသားအရေးတွေ ထိပ်ဆုံးကို ရောက်လာဖို့ ရှိနေတယ်လို့လည်း ဦးမြအေးက ပြောပါတယ်။

အန်စီစီတီအဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဗိုလ်ချုပ် ဂွမ်မော်တို့ဟာ မနေ့ညနေပိုင်းတုန်း ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်မှာ သွားရောက်  တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013