DVB Logo
Home
နိုင်ငံတကာ
အမေရိကန်စစ်လေယာဉ် ၁ စီး ဂျပန်ကျွန်းအနီး ပျက်ကျ
DVB
·
November 29, 2023
အမေရိကန်စစ်လေယာဉ် ၁ စီး ဂျပန်ကျွန်းအနီး ပျက်ကျ
Donate to DVB

ဂျပန်နိုင်ငံ ယာကူရှီးမားကျွန်းအနီးမှာ အမေရိကန် စစ်လေယာဉ်တစင်း ပျက်ကျခဲ့ကြောင်း ကမ်းခြေစောင့်တပ်ကနေ သိရှိရပြီး ပျောက်ဆုံးလေယာဉ်ပေါ်မှာ လူ ၈ ဦးရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရအဖွဲ့ကလည်း အဲဒီနေ့မှာပဲ ဂျပန်အနောက်တောင်ပိုင်းမှာ Osprey အမေရိကန် စစ်လေယာဉ်တစင်း ရေဒါမြင်ကွင်းမှ ပျောက်သွားကြောင်း သတင်းရရှိခဲ့တယ်လို့ နိုဝင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။

Osprey အမေရိကန် စစ်လေယာဉ်ဟာ ကာဂိုရှီမား စီရင်စုရှိ ယာကူရှီးမားကမ်းလွန်မှာ ဒီနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ဝန်းကျင်လောက်က ရေဒါမှ ပျောက်ကွယ်သွားကြောင်း သတင်းရရှိခဲ့တယ်လို့ ဂျပန် ကက်ဘိနက်အကြီးအကဲ အတွင်းရေးမှူး ဟိရိုကာ့ဇု မတ်ဆုနိုက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်ကို ကယ်ဆယ်ရေးကြိုးပမ်းမှုဟာ အစိုးရအတွက် အမြင့်ဆုံး ဦးစားပေးဖြစ်ကြောင်းလည်း ထည့်သွင်းပြောသွားပါတယ်။

ဒေါင်လိုက်မှ အလျားလိုက် အတက်အဆင်းနဲ့ ပျံသန်းမှု ၂ မျိုးလုံး လုပ်ဆောင်နိုင်တဲ့ ဒီလေယာဉ်ကို အမေရိကန် မရိမ်းတပ်ဖွဲ့၊ အမေရိကန်ရေတပ်နဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JSDF) တို့က အသုံးပြုနေတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013