DVB Logo
Home
Lead Story
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တဦးကို အန်အယ်လ်ဒီ တရားစွဲ
DVB
·
August 19, 2014
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တဦးကို အန်အယ်လ်ဒီ တရားစွဲ
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အပုတ်ချတဲ့ စာကို ဖြန့်ဝေမှုနဲ့ အန်အယ်လ်ဒီကနေပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တဦးကို တရားစွဲဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်လောက်က ပေါက်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ကိုမြင့်ငြိမ်း ဆိုသူက ပေါက်မြို့နယ် မြောက်ဘက်ရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အပုတ်ချစာတွေ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

ဒါနဲပတ်သက်ပတ်လို့ မြောက်ဘက်ရွာက အန်အယ်လ်ဒီ ရပ်ကျေးတာဝန်ခံ ဦးထွန်းသိန်းကနေပြီး ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

မနေ့တုန်းကတော့ အမှုအတွက် ပေါက်မြို့နယ် တရားရုံးကနေပြီး အမှုကို လက်ခံလိုက်ပြီး လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ရုံးပြန်ချိန်းထားတယ်လို့ ပေါက်မြို့နယ်အဖွဲ့ချုပ် ဥက္ကဌ ဦးရဲထွဋ်ဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013