DVB Logo
Home
မြန်မာသတင်း
စဉ်ကူးပဋိပက္ခ ဒုရဲမှူးကြီးဖြေကြားချက် မမှန်ဟု ဒေသခံများ ရှင်းလင်း
DVB
·
August 19, 2014
စဉ်ကူးပဋိပက္ခ ဒုရဲမှူးကြီးဖြေကြားချက် မမှန်ဟု ဒေသခံများ ရှင်းလင်း
1 / 3
Donate to DVB

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာကို အကြမ်းဖက် ၀င်ရောက် ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒုရဲမှူးကြီး ဖြေကြားချက်ကို မကျေနပ်တဲ့အတွက် ဒေသခံတွေ မနေ့က မီဒီယာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_62719" align="alignright" width="300"]သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (Photo - Thein Aung Myint) သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (Photo - Thein Aung Myint)[/caption]

မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီးဇော်မင်းဦး က သေနတ်ကို သူဆွဲ ကိုယ်ဆွဲ လုပ်ရင်းက အမျိုးသမီးတဦး ကို သေနတ်ထိမှန် သွားခဲ့တယ် လို့ ဖြေကြားချက် အပေါ်ကို မဟုတ်မှန်ကြောင်း ရှင်းလင်းကြပါတယ်။

မျက်မြင် သက်သေဖြစ် တဲ့ ဒေါ်နွဲ့ရီက “ကျမဈေးက ၁၀ နာရီ ၁၅ မိနစ်လောက် ပြန်လာတော့ ကျမအိမ်ထဲမှာ ရဲ ၃၉ ယောက်လောက် အိမ်ထဲဝင်ပြီး အကြမ်းဖက်နေတာကို ကျမ မြင်ခဲ့ရပါတယ်။ တွေ့ပါတယ်။ ကျမအိမ်ထဲမှာ ၄ နှစ်သားအရွယ် ကျမကလေး ရှိလို့ ၀င်ခွင့် တောင်းပါတယ်။ ဒါပေမယ့် ကျမကို အိမ်ရှင်မှန်း သိလျက်နဲ့ ၀င်ခွင့်မပေးပါဘူး။ ၀င်ခွင့်မပေးဘဲ ကျမတို့အိမ်ထဲကနေ သေနတ်တွေနဲ့ မှန်တွေကို ဖောက်ပြီးတော့မှ ကာဗာယူပြီးတော့ ကျမတို့ ရွာသားတွေကို သေနတ်နဲ့ ပစ်ပါတယ်။ အဲဒီသေနတ်နဲ့ ပစ်တဲ့အချိန်မှာ မစန်းကြင်နုဆိုတဲ့ ကျမတို့ ရွာသူတယောက် ခြေထောက်မှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်” လို့ ပြောပါတယ်။

[caption id="attachment_62720" align="alignright" width="300"]သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (Photo - Thein Aung Myint) သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (Photo - Thein Aung Myint)[/caption]

သြဂုတ် ၁၄ ရက် မနက်က ညောင် ၀န်းကျေး ရွာက တောင်သူတွေ သိမ်းဆည်းခံမြေပေါ်မှာ ၀င်ရောက်ထွန်ယက်ဖို့ လူစုနေတုန်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် တိုက်ခိုက် တာတွေ ဖြစ်ပွား ခဲ့တာပါ။

အခု ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွက် ဒဏ်ရာရရှိသူတွေက လက်ပံလှရဲစခန်းကို တရားစွဲ ထားသလို ညောင်ဝန်းကျေးရွာကိုလည်း ရဲစခန်းက တရားစွဲထားတယ်လို့ ပြေကြားကြောင်း ဒေသခံတွေက ပြောပါတယ်။

ညောင်ဝန်းရွာသား ဦးမျိုးလင်းဇော်က “သူတို့ရဲတွေဘက်က ပါလာခဲ့တဲ့ ပစ္စည်း အသုံးအဆောင်တွေ၊ ဒိုင်းတွေ၊ ဖိနပ်တွေနဲ့ ဆိုင်ကယ်တွေဟာ ကျနော်တို့ယူတာလည်း မဟုတ်ပါဘူး။ သူတို့ရဲတွေ ကိုယ်တိုင် ယူမသွားတာပါ။ သူတို့ထားပစ်ခဲ့တဲ့ ပစ္စည်းတွေပါ။ ဒီပဋိပက္ခမှာ ဒါတွေကို ကျနော်တို့က စောင့်ရှောက်ပေးထားရတာပါ။ ဒါတွေကိုလည်း ရွာရဲ့ ရွာဦးကျောင်းဆရာတော်ဘုရားဆီမှာ ထိန်းသိမ်းစောင့်ရှောက် ထားခိုင်းပါတယ်။ ဒါကို တရားစွဲဆိုတာ ကျနော်အနေနဲ့ရော ရွာအနေနဲ့ပါ အံ့သြစရာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

Sinku 1 copyရဲတွေ ကျန်ရစ်ခဲ့တဲ့ ဆိုင်ကယ် ၅ စီး၊ ဒိုင်းနဲ့ နံပါတ်တုတ်တွေ၊ ဆက်သွယ်ရေးစက် ၁ လုံးနဲ့ ဖိနပ်တွေကို ပြန်လည် အပ်နှံဖို့ လက်ပံလှရဲစခန်းကို အကြောင်းကြားရာ စခန်း က ငွေတောင် အုပ်ချုပ်ရေးမှူးကိုသာ ယူခိုင်းတဲ့အတွက် ရွာက ပြန်လည်မပေးအပ်ခဲ့ပါဘူး။

အခုလို ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ညောင်ဝန်းရွာက မြေဧက ၆၀၀၀ ကျော်ကို၊ မန္တလေးထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ် ၁၂၁ က လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က သိမ်းဆည်းခဲ့ပြီး နောက် ဂရိတ်ဝေါကုမ္ပဏီကို နှစ် ၆၀ စာချုပ်နဲ့ အငှားချခဲ့ပါတယ်။

စစ်တပ်က သိမ်းဆည်းခဲ့ပြီး စီမံကိန်းအတွက် အသုံးမပြုဘဲ အခုလို အငှားချ စားတဲ့အတွက် ဒေသခံ မူလပိုင်ရှင်တွေက ပြန်လိုချင်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့တဲ့အတွက်လည်း နယ်မြေ ကျူးကျော်မှုနဲ့ တရားစွဲခံနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013