Home
မြန်မာသတင်း
မောင်တော-အငူမော်လမ်းရှိ  ဗောဓိကုန်းစခန်းကို အေအေသိမ်းပိုက် 
DVB
·
November 28, 2023
maungdaw 28112023

ရခိုင်ပြည်နယ် မောင်တော-အငူမော်လမ်းရှိ ဗောဓိကုန်းကင်းစခန်းကို ရက္ခိုင်တပ်တော် (အေအေ) က နိုဝင်ဘာ ၂၈ ရက် မနက် ၆ နာရီကျော်မှာ ဝင်တိုက်ခိုက်သိမ်းပိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "ဒီနေ့ မနက် ၆ နာရီကျော်လောက်မှာ ဝင်တိုက်တာ။ အပြန်အလှန်ပစ်တဲ့ အသံ တွေ ဆူညံနေတာဘဲ့။ နခခ(၅)က လက်နက်အတွဲလိုက် ပစ်ကူပေးနေတယ်။ ရွာသူရွာသားတွေက နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးနေကြတယ်" လို့ ပြောပါတယ်။

ဗောဓိကုန်းစခန်းဟာ ကင်းချောင်း၊ ရွှေရင်အေး၊ ခရမြိုင်စတဲ့ အင်အားနည်းစခန်းငယ်တွေ ပေါင်းစု ထားတဲ့ စခန်းတခုလည်းဖြစ်ပါတယ်။

မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးနယ်ခြားစောင့်စခန်းကိုလည်း  ဒီမနက် ၈ နာရီ လောက်က အေအေတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

စစ်ဘေးရှောင်တဦးက "ကင်းချောင်းစာသင်ကျောင်းမှာ စစ်ဘေးရှောင် ၂၀၀ ကျော်လောက် ရောက်နေတယ်။ ၃ မိုင်ပရဟိတ္တဘုန်းကြီးကျောင်းမှာလည်း စစ်ဘေးရှောင် ၂၀၀ ကျော်ရှိနေတယ်။ ကျန်လူတွေကတော နောက်နီးစပ်ရာရွာတွေနဲ့ မောင်တောမြို့ပေါ်တွေကို ထွက်ပြေးနေကြရ တယ်" လို့ ပြောပါတယ်။

မောင်တော-အငူမော် လမ်းရှိ သရိကုန်ဘောင်၊ ကိုင်းကြီး၊ ရွှေရင်အေး၊ ခရေမြိုင်၊ ရွှေရင်အေး၊ ဗောဓိကုန်း စတဲ့ကျေးရွာ ၅ ရွာက ပြည်သူတွေ ထွက်ပြေးနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024