DVB Logo
Home
မြန်မာသတင်း
တပ်ဖွဲ့ဝင်အင်အား ၇၀၀ ခန့်ပါ တရုတ် စစ်သင်္ဘာ ၃ စင်း ရန်ကုန်ရောက် 
DVB
·
November 28, 2023
တပ်ဖွဲ့ဝင်အင်အား ၇၀၀ ခန့်ပါ တရုတ် စစ်သင်္ဘာ ၃ စင်း ရန်ကုန်ရောက် 
Donate to DVB

တပ်ဖွဲ့ဝင် အင်အား ၇၀၀ လောက် လိုက်ပါလာတဲ့   တရုတ်ရေတပ် စစ်သင်္ဘာ ၃ စင်း  မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းလုပ်ဖို့ ‌ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ်တွေဖြစ်တဲ့ ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ်  Jing Zhou နဲ့ ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့  နိုဝင်ဘာ ၂၇ ရက် နေ့လယ်က ရောက်ရှိလာတာဖြစ်ပါတယ်။

တရုတ်တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီ တပ်မတော်(ရေ)မှ အရာရှိ စစ်သည်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ စစ်သံရုံးက တာဝန်ရှိသူတွေမှာ  မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာသာအသင်းတို့က ကြိုဆိုနှုတ်ဆက်ကြတယ်လို့ဆိုပါတယ်။

တရုတ်ရေတပ်သားတွေဟာ ရန်ကုန်​မြို့ရှိ အထင်ကရ နေရာတွေကို  လေ့လာလည်ပတ်တာနဲ့၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေလည်း လုပ်သွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေး သတင်းမှာဖော်ပြပါတယ်။

တရုတ်-မြန်မာ နယ်စပ် ကိုးကန့်ဒေသမှာ  ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေချိန် အခုလို တရုတ်စစ်သင်္ဘာတွေ  မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ 

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ မနေ့ကကျနော်ပြောခဲ့သလို မဟာဗျူဟာမိတ်ဖက် နိုင်ငံတွေဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူကြီး ငါးရပ်ကို လေးစားလိုက်နာပြီး နှစ်နိုင်ငံအစိုးရနဲ့တပ်မတော် နှစ်ရပ်အကြားမှာ ခိုင်မာတဲ့ ချစ်ကြည်ရင်းနှီးမှုရှိတဲ့ နိုင်ငံတွေဖြစ်ကြောင်း ပြောကြားလိုပါတယ်”လို့ ဒီနေ့ထုတ် သတင်းစာတွေမှာ ပြောပါတယ်။

တရုတ်စစ်တပ်ဟာ နိုဝင်ဘာ ၂၅ ရက်ကစပြီး မြန်မာနယ်စပ်နားမှာ စစ်ရေးလေ့ကျင့်မှုတွေလည်း ပြုလုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ကာ အပစ်အခတ်ရပ်စဲကြဖို့  တရုတ်စစ်တပ်က တိုက်တွန်းထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်က နယ်စပ်ဒေသမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်အမျိုးသား ၄၆၆ ဦး၊ အမျိုးသမီး ၈၇ ဦးပေါင်း ၅၅၃ ဦးကို တရုတ်တာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှ  နိုဝင်ဘာ ၂၇ ရက် အထိ စုစုပေါင်း အမျိုးသား ၈၃၁၂ ဦး၊ အမျိုး သမီး ၈၈၂ ဦး ပေါင်း ၉၁၉၄ ဦးလွှဲပြောင်းပြီးဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

Photo- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013