DVB Logo
Home
နိုင်ငံတကာ
အိုင်ယာလန်စာရေးဆရာ ပေါလ်လင့်ချ်  The Booker ဆုရရှိ 
DVB
·
November 28, 2023
အိုင်ယာလန်စာရေးဆရာ ပေါလ်လင့်ချ်  The Booker ဆုရရှိ 
Donate to DVB

စာပေလောကမှာ ဂုဏ်သိက္ခာကြီးမားပြီး ထင်ရှားကျော်ကြားတဲ့ ဆုတဆုဖြစ်တဲ့ The Booker Prize ဆုကို အိုင်ယာလန်နိုင်ငံသား စာရေးဆရာ ပေါလ်လင့်ချ်က Prophet Song စာအုပ်နဲ့ ဆုရှိသွားပါတယ်။

ဒဗ္ဗလင်မြို့မှာ အခြေတည်ထားတဲ့ ဒီစာအုပ်ထဲမှာတော့ ဒီမိုကရေစီစံနှုန်းတေ စတင်ပျောက် ကွယ်သွားခဲ့တဲ့ ကြောက်မက်ဖွယ်ကမ္ဘာသစ်တခုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ မိသားစုတ စုရဲ့ အကြောင်းကို ရေးဖွဲ့ထားခဲ့ကာ ဒါကို ရေးဖို့အတွက် ဆီးရီးယားစစ်ပွဲနဲ့ ဒုက္ခသည် အကျပ်အတည်းတွေက လှုံ့ဆော်တွန်းအားပေးခဲ့တယ်လို့ ဆိုပါတယ်။

လန်ဒန်မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားမှာတော့ စာရေးဆရာက ဒီဆုနဲ့အတူ အိုင် ယာလန်ကို ပြန်ခေါ်ဆောင်သွားနိုင်တဲ့အတွက် အလွန်ဝမ်းသာမိကြောင်းနဲ့ ဒီစာအုပ်ဟာ ရေးရလွယ်ကူခဲ့တဲ့ စာအုပ်တအုပ်မဟုတ်ဘူးလို့လည်း ပြောပါတယ်။

မကြာသေးမီက ဒဗ္ဗလင်မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ အကြောင်း သူ့ကို မေးမြန်းရာမှာတော့ စာရေးဆရာပေါလ်က အံ့အားသင့်ခဲ့ရကြောင်းနဲ့ ဒါကို သတိပေးချက်အဖြစ် မြင်သင့်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူက "နိုင်ငံရေးဝတ္ထုရေးဆရာ" မဟုတ်ဘူးလို့ ပြောလိုက်ပြီး ခုလတ်တလော ရ ရှိတဲ့ ဆုကြေးငွေ ပေါင် ၅၀၀၀၀ ထဲက တချို့ကို ချေးငွေအတွက် ပြန်သုံးသွားမယ်လို့ ဆိုပါတယ်။

The Booker Prize ဆုကတော့ ယူကေ၊ ဒါမှမဟုတ် အိုင်ယာလန်နိုင်ငံမှာ ထုတ်ဝေတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဝတ္ထုတွေထဲကနေ အကောင်းဆုံးဝတ္ထုကို နှစ်စဉ်ချီးမြှင့်တဲ့ စာပေဆု ဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013