DVB Logo
Home
နိုင်ငံတကာ
တရုတ်ကလေးငယ်များ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှု များလာ
DVB
·
November 28, 2023
တရုတ်ကလေးငယ်များ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှု များလာ
Donate to DVB

တရုတ်နိုင်ငံမြောက်ပိုင်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတွေ ဆက်လက် မြင့်တက်နေတယ်လို့ နိုင်ငံပိုင် စီစီတီဗီ ရုပ်သံဌာနက ထုတ်လွှင့်ပါတယ်။

အသက်ရှူလမ်းကြောင်းရောဂါကြောင့် ကလေးငယ်အများအပြား ထိခိုက်ခံစားနေရပြီး အောက်စီဂျင် မျက်နာဖုံးတွေ တပ်ဆင်ကာ လူစုလူဝေးနဲ့အတူ စောင့်ဆိုင်းနေကြတာ တွေ့ရပါတယ်။

အထူးသဖြင့် အသက် ၃ လအောက် ကလေးငယ်တွေမှာ ရောဂါလက္ခဏာ ပြသလာခဲ့ရင် အမြန်ဆုံးတတ်နိုင်သမျှ ဆေးကုသမှုခံယူဖို့အတွက် ဆရာဝန်တွေက မိဘတွေကို   တိုက်တွန်းထားပါတယ်။

လွန်ခဲ့တဲ့ အပတ်အတွင်း ဒီရောဂါဖြစ်ပွားမှု မြင့်တက်လာတာနဲ့အမျှ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ် တခုအဖြစ် အသွင်ပြောင်းလာတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က တရုတ်နိုင်ငံကို အသေးစိတ် အချက်အလက်တွေ တောင်းခံခဲ့ပါတယ်။

အခုလို ကလေးငယ်တွေမှာ တွေ့ရှိလာရတဲ့ အမျိုးအမည်မသိ အဆုတ်ရောင်ရောဂါနဲ့ ပတ်သက်ပြီး အစီရင်ခံတစောင်ကို ရောဂါဖြစ်ပွားမှု စောင့်ကြည့်ရေး အစီအစဉ်က ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါပေမဲ့ လတ်တလော ဖျားနာမှုတွေမှာ ရောဂါပိုးအသစ် ဒါမှမဟုတ် ပုံမှန် မဟုတ်တဲ့ အရင်းအမြစ်တွေကို မတွေ့ရဘူး ဆိုပြီး WHO အဖွဲ့ က နိုဝင်ဘာ ၂၄ရက်က ပြောကြားထားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013