DVB Logo
Home
သတင်းတို
၂၀၁၅ ခုနှစ်တွင် ၂၀၀၃ ထက်နိမ့်သည့်ကား တင်သွင်းခွင့်မပြု
DVB
·
August 19, 2014
၂၀၁၅ ခုနှစ်တွင် ၂၀၀၃ ထက်နိမ့်သည့်ကား တင်သွင်းခွင့်မပြု
Donate to DVB

လာမယ့် ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး အနိမ့်ဆုံး ၂၀၀၃ ခုနှစ် နောက်ပိုင်း ထုတ်လုပ်တဲ့ကားတွေကိုပဲ တင်သွင်းခွင့်ပေးတော့မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

Car-Import-copyသြဂုတ် ၁၆ ရက်နေ့က ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) ရန်ကုန်ရုံးခန်းမှာ ကားထုတ် လုပ် ဖြန့်ဖြူးရောင်းချ သူများအသင်းက ဦးစီးကျင်းပတဲ့ မော်တော် ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲမှာ သူက ခုလို ပြောဆိုလိုက်တာပါ။

လက်ရှိမှာတော့ ကားဟောင်း အပ်ပြီး ကားတစီး ပြန်တင်သွင်းသူတွေကို ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အကြား ထုတ်တဲ့ ကားတွေ တင်သွင်းခွင့်ပြုထားပြီး တဦးချင်း လျှောက်ထားသူတွေကိုတော့ ၂၀၀၉ နောက်ပိုင်းထုတ်တဲ့ ကားတွေ တင်သွင်းခွင့်ပြုထားပါတယ်။

၂၀၁၅ ဇန်န၀ါရီကျရင်တော့ ကားဟောင်းအပ်သူတွေကို ၂၀၀၃ ကနေ ၂၀၀၉ အကြား ထုတ်တဲ့ ကားတွေ တင်သွင်းခွင့်ပြုမှာ ဖြစ်ပြီး တဦးချင်း လျှောက်ထားသူတွေကိုတော့ ၂၀၁၀ နောက်ပိုင်းထုတ်တဲ့ ကားတွေကိုပဲ တင်သွင်းခွင့်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013