
စဥ့်ကိုင်မြို့နယ်၊ ပုလိပ်၊ ရွာသစ်၊ ဆီဆုံ၊ ဆည်ရွာနဲ့ တမာကုန်းရွာက ထွန်တုံးတိုက်ပွဲဝင်ခဲ့တဲ့ တောင်သူ ၁၀ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ စဥ့်ကိုင်မြို့နယ် တရားရုံးမှာ ဒီနေ့ စီရင်ချက်ချတော့မှာ ဖြစ်ပါတယ်။
[caption id="attachment_62694" align="alignright" width="300"]
စဥ့်ကိုင်မြို့နယ်တရားရုံးရှေု မြင်ကွင်း[/caption]
၁၉၈၂ ခုနှစ်တုန်းက တိရစ္ဆာန်မွေးမြူုရေးနဲ့ ကုသရေးဌာနက သိမ်းယူခဲ့တဲ့ မြေဧက ၁၂၀၀ ကျော်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဘက်စုံစီမံကိန်းအဖြစ် အသုံးပြုဖို့ လွှဲပြောင်းယူခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကို ငှားရမ်းနေတဲ့ အတွက် ဒေသ ခံတွေက ပြီးခဲ့တဲ့ မေလမှာ ထွန်တုံးတိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။











