DVB Logo
Home
Lead Story
မြို့နယ် ၁၆ ခုတွင် ရေ ၂ ရက်ခန့် ပြတ်တောက်မည်
DVB
·
August 19, 2014
မြို့နယ် ၁၆ ခုတွင် ရေ ၂ ရက်ခန့် ပြတ်တောက်မည်
Donate to DVB

သြဂုတ် ၁၉ ရက်နေ့ကစလို့ ရန်ကုန်မြို့တော် မြို့တွင်း ၆ မြို့နယ် အပါအဝင် မြို့နယ် ၁၆ မြို့နယ်မှာ ရေနှစ်ရက်လောက် ပြတ်တောက်မယ်လို့သိရပါတယ်။

Yangon_City_Viewလှော်ကား ရေလှောင် ကန်ကနေ ရန်ကုန်မြို့တော် မြို့နယ် ၁၆ ခုကို သောက် သုံးရေတွေ ဖြန့်ဝေပေး တဲ့ ရေတွန်း စက် ပြုပြင်ဖို့အတွက် ၃၆ နာရီကြာ ရေဖြန့်ဝေမှုကို ရပ်နားရ မှာ ဖြစ်တာကြောင့် အခုလို မျိုး ရေပေးဝေတာကို ရပ်နားထားတာ ဖြစ်ပါတယ်။

လှော်ကား ရေလှောင်ကန်ကနေ ရေဖြန့်ဝေပေးနေတဲ့ မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်နဲ့ သာကေတ မြို့နယ်တွေမှာ ရေပြတ်တောက်မှာဖြစ်ပြီး ကျန်မြို့နယ်တွေမှာတော့ ပုံမှန်အတိုင်း သောက်သုံးရေ ဆက်လက် ဖြန့်ဝေသွားမယ်လို့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013