DVB Logo
Home
နိုင်ငံတကာ
ဆေးနှင့်ရိက္ခာကားအစီး ၅၀ ဂါဇာမြောက်ပိုင်း ရောက်ရှိ 
DVB
·
November 26, 2023
ဆေးနှင့်ရိက္ခာကားအစီး ၅၀ ဂါဇာမြောက်ပိုင်း ရောက်ရှိ 
Donate to DVB

စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ သယ်ဆောင်လာတဲ့ ထရပ်ကား အစီး ၅၀ ကို ဂါဇာကမ်းမြောင် မြောက်ပိုင်းနဲ့ ပါလက်စတိုင်းနယ်မြေရဲ့ ရွှေ့ပြောင်းရခြင်း မရှိတဲ့ ဒေသတွေမှ ကယ်ဆယ်ရေးစခန်းတွေကို ပေးပို့ထားတယ်လို့ အစ္စရေးက နိုဝင်ဘာ ၂၅ ရက် မှာ ပြောကြားခဲ့ပါတယ်။ 

ပါလက်စတိုင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့ COGAT အဖွဲ့မှ ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ မြေသားလမ်းပေါ်မှာ ကုန်တင်ကားတွေ မောင်းနှင်သွားလာ နေပုံတွေ ကို မြင်ရပါတယ်။

စစ်ဘေးသင့် ပါလက်စတိုင်းနယ်မြေအတွင်း ၄ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး ဒုတိယနေ့မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ပထမအသုတ်ဟာ စနေနေ့က ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ ဂါဇာမြို့ကို ရောက်ရှိလာခဲ့ကြောင်း စီစီတီဗီ ရုပ်သံကလည်း ထုတ်လွှင့်ခဲ့ပါတယ်။ 

သောကြာနေ့က ယာယီအပစ်အခတ်ရပ်စဲရေး အသက်ဝင်ချိန်မှာစပြီး အီဂျစ်နိုင်ငံကနေ ရာဖှာနယ်စပ်ဂိတ်မှတဆင့် ဂါဇာကမ်းမြောင်ထဲကို ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ထရပ်ကား ၃ စီး ပထမဆုံး ဝင်ရောက်လာတာဖြစ်ပါတယ်။ 

ဟားမတ်စ်အဖွဲ့ကလည်း ကယ်ဆယ်ရေးပစ္စည်းတွေကို တင်ဆောင်ထားတဲ့ စုစုပေါင်း ထရပ်ကား ၃၄၀ ဟာ သောကြာနေ့ကတည်းက ရာဖှာဂိတ်ကို ဖြတ်ကျော်ပြီး ဂါဇာကမ်းမြောင်ကို ဝင်ရောက်ခဲ့ကြောင်း စနေနေ့မှာ အတည်ပြုခဲ့ပါတယ်။ 

အီဂျစ်အရာရှိ တဦးကလည်း လောင်စာဆီ တင်ဆောင်လာတဲ့ ထရပ်ကား ၇ စီးနဲ့ သဘာဝဓာတ်ငွေ့ ထရပ်ကား ၄ စင်း ဂါဇာကမ်းမြောင်ကို စနေနေ့က ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ အရင်က ဂါဇာကမ်းမြောင်ကို ဘယ်လိုလောင်စာဆီ ဝင်ရောက်ခြင်းကိုမဆို တားမြစ် ခဲ့ပြီး အဲဒီလောင်စာတွေကို ဟားမတ်စ်တို့က စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနိုင်ကြောင်း စွပ်စွဲခဲ့တာပါ။ 

အစ္စရေးရဲ့ လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်မှုတွေ အတွင်း ဂါဇာကမ်းမြောင်ဒေသရှိ လူမှုအသိုက်အဝန်း အများအပြား အဖျက်ဆီး ခံခဲ့ရပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ ဆိုးရွားနေပြီး ဒေသခံတွေလည်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ လိုအပ်ချက် အားလုံးနီးပါး ဆုံးရှုံးခဲ့ရပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013