DVB Logo
Home
မြန်မာသတင်း
၃ နှစ်ကြာ ရပ်ထားခဲ့သည့် ထားဝယ်တန်ဆောင်တိုင် ယနေ့ကျင်းပ
DVB
·
November 26, 2023
၃ နှစ်ကြာ ရပ်ထားခဲ့သည့် ထားဝယ်တန်ဆောင်တိုင် ယနေ့ကျင်းပ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ၁၁၁ ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကို ဒီနေ့ နိုဝင်ဘာ ၂၆ ရက်မှာ ထားဝယ်ဘုရားကြီးက ဦးဆောင်ပြီး ညဘက်အစား နေ့ဘက်မှာ အချိန်ပြောင်းလဲ ကျင်းပနေပါတယ်။

မနက် ၆ နာရီမှာ ထားဝယ်ဘုရားကြီးဝင်းထဲက စထွက်လာပြီး မနက် ၁၀ နာရီမှာတော့ ထားဝယ် ရပ်တော်မူဘုရားလမ်းမှာ ခေတ္တနားနေပြီး ညနေ ၃ နာရီမှာ ထားဝယ် ဘုရားကြီးအတွင်း ပြန်ဝင်မယ်လို့ သိရပါတယ်။

အရင်က ကျင်းပခဲ့တဲ့ဘုရားပွဲတွေလို ဘုရားဖူးပရိသတ်သိန်းချီ လာရောက် ဖူးမြော်တာတော့မရှိဘဲ ဘုရားလှည့်လည်ရာမှာ ပါဝင်သူလည်း နည်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘုရားမလှည့်ခင် မနက် ၅ နာရီမှာ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်မှာ ပေါက်ကွဲသံတွေကြားခဲ့ရပြီး ဘုရားပွဲကို စစ်ကောင်စီတပ်၊ ရဲနဲ့ အရပ်ဝတ် လက်နက်ကိုင်တွေက လမ်းဆုံလမ်းခွတွေမှာ လိုက်စောင့်ပေးနေတာရှိတယ်လို့ ဘုရားပွဲ အခြေအနေကို မျက်မြင်တွေ့ရတဲ့ မြို့ခံတွေ ပြောပါတယ်။

ထားဝယ်တန်ဆောင်တိုင်ကို ၁၉၀၉ ခုနှစ်က စကျင်းပခဲ့ပြီး ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့က ရပ်နားခဲ့ရတာကြောင့် ၂၀၂၃ မှာ ၁၁၁ ကြိမ်အဖြစ် ပြန်ကျင်းပတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013