DVB Logo
Home
မြန်မာသတင်း
ပဲခူး ရေဘေးကယ်ဆယ်ရေးစခန်းများ ပိတ်၊ ကျောင်းများ ပြန်ဖွင့်
DVB
·
August 19, 2014
ပဲခူး ရေဘေးကယ်ဆယ်ရေးစခန်းများ ပိတ်၊ ကျောင်းများ ပြန်ဖွင့်
Donate to DVB

ပဲခူးတိုင်း ဒေသကြီးအတွင်း ရေကြီးမှုကြောင့် ဖွင့်လှစ်ထားခဲ့ရတဲ့ ကယ်ဆယ်ရေး စခန်းအားလုံးကို ပြန်ပိတ်လိုက်ပြီး စာသင်ကျောင်းတွေလည်း ပြန်လည် ဖွင့်လှစ်နေပါတယ်။

dvb12-622x414ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှာ မိုးများပြီး မြစ်ရေလျှံ တာကြောင့် ပဲခူး၊ သနပ္ပင်နဲ့ က၀မြို့နယ်တွေမှာ သြဂုတ်လ ၃ ရက်နေ့ကတည်း က ရေကြီးရေ လျှံမှု ဖြစ်ပွားခဲ့ပါတယ်။

ရေကြီးရေလျှံမှုကြောင့် မြို့နယ် ၃ ခုလုံးမှာ ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ပြီး ကူညီ ကယ်ဆယ်မှုတွေ လုပ်ဆောင်ကြရသလို ကျောင်းအများစုကိုလည်း ပိတ်ထားခဲ့ရပါတယ်။

ဒီတပတ်မှာတော့ ရေကျသွားလို့ ကယ်ဆယ်ရေးစခန်းတွေမှာနေထိုင်ကြသူတွေ မိမိနေအိမ်ကို ပြန်နေကြပြီလို့ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

ပဲခူးမြို့နယ်မှာ ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၈ ခုမှာ လူပေါင်း ၁ သောင်းကျော် ခိုလှုံခဲ့ကြပြီး ကျောင်းပေါင်း ၂၃ ကျောင်း ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

ပဲခူးမြို့နယ်မှာ ရေကြီးမှုကြောင့် လယ်ဧက ၁ သောင်းကျော်နစ်မြုပ်ခဲ့ပြီး လက်ရှိ အပျက်အစီးစာရင်းကို လိုက်လံကောက်ခံနေပြီး လောလောဆယ်ရရှိတဲ့စာရင်းအရ ဧက ၅ ထောင်လောက် ပျက်စီးတယ်လို့ ဦးခင်သိန်းမောင်က ပြောပါတယ်။

သနပ္ပင်မြို့နယ်မှာလည်း ရေဘေးကယ်ဆယ်ရေးစခန်း ၂၂ ခု ပွင့်လှစ်ထားရာကနေ အခုတော့ ကယ်ဆယ်ရေးစခန်းအားလုံးကို ပိတ်ထားလိုက်ပြီလို့ သနပ္ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

ဒါပေမယ့် သနပ္ပင်မြို့နယ်အတွင်းမှာ ရေကျနှေးနေတဲ့အတွက် အကူအညီ လိုအပ်သူတွေကို ရွာတွေအထိ လိုက်လံကူညီပေးနေတယ်လို့လည်း ဦးမြင့်ဦးက ပြောပါတယ်။

ဒါ့အပြင် သနပ္ပင်မှာ ရေကြီးတာ ၁၀ ရက်ကျော်ကြာဖြစ်ပြီးတဲ့အတွက် မြုပ်နေတဲ့ လယ်ဧက ၅ သောင်းကျော်ထဲက ၄ သောင်းကျော်လောက်ပျက်စီးနေပြီလို့ ဦးမြင့်ဦးက ပြောပါတယ်။

အလားတူ က၀မြို့နယ်မှာလည်း ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်ထားရာက အခုတော့ ရေးဘေး ဒုက္ခသည်တွေ အိမ်ပြန်ကုန်ကြပြီးလို့ က၀မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးခိုင်က ပြောပါတယ်။

က၀မြို့နယ်မှာ ရေကြီးမှုကြောင့် လယ်ဧက ၃ သောင်းကျော် နေနစ်မြုပ်ခဲ့ပြီး ၂ သောင်းကျော်လောက်ပျက်စီးမယ်လို့ ခန့်မှန်းထားတယ်လို့ ပြောပါတယ်။

ပဲခူးတိုင်းမှာ နှစ်စဉ်လိုလို ရေကြီးရေလျှံမှုတွေဖြစ်ပြီး ဒီနှစ်မှာ အရင်နှစ်ထက် စိုရိမ်ရေမှတ် ကျော်လွန်ပြီး ရေကြီးရေလျှံ ဖြစ်ပွားခဲ့တာပါ။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013