DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် လာဟိုးမြို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့စာရင်း၌ ပါဝင်
DVB
·
November 26, 2023
ပါကစ္စတန် လာဟိုးမြို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့စာရင်း၌ ပါဝင်
Donate to DVB

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ နိုဝင်ဘာ ၂၅ ရက်မနက်ပိုင်းက လေထုအရည်အသွေးအညွှန်းကိန်း (AQI) ရမှတ် ၂၃၀ ရှိနေလို့ ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်း မြို့လေးမြို့စာရင်းထဲမှာ ပါခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်ဟာ AQI ရမှတ် ၃၀၃ နဲ့ ပထမ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာက AQI ၂၅၁ နဲ့ ကမ္ဘာ့ဒုတိယ အဆိုးဆုံးအဖြစ် အဆင့် သတ်မှတ်ခံခဲ့ရပြီး  အိန္ဒိယနိုင်ငံ ကာလကတ္တား မြို့က AQIရမှတ် ၂၃၈ နဲ့ တတိယ ဖြစ်ခဲ့တာပါ။

လာဟိုးမြို့မှာ ပညာရေးအဖွဲ့အစည်းတွေနဲ့ အစိုးရရုံးတွေကို နိုဝင်ဘာ ၂၅နဲ့ ၂၆ ရက်တွေမှာ ပိတ်ထားမယ်လို့ ပန်ဂျပ်အစိုးရက ကြေညာလို့ ကျောင်းတွေကို စနေနေ့မှာ ပိတ်ခဲ့ပါတယ်။

ဒါပေမဲ့ စနေ ညနေ ၃ နာရီနောက်ပိုင်းမှာ ဈေးတွေဖွင့်မှာပါ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံက အမှိုက်မီးရှို့လို့ လေထုညစ်ညမ်းတာလို့ ပြည်နယ် အစိုးရက သတ်မှတ်ပြီး မီးခိုးမြူတွေနဲ့ မြူခိုးတွေ လွင့်စင်သွားအောင် မိုးရွာစေရေး တိမ်ထဲ ရေခဲမှုန်တွေ ဖြန်းထည့်ပြီး မိုးရွာခိုင်းမယ့် အစီအစဉ်တွေကို လုပ်နေတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

AQI ၁၀၁ ကနေ ၂၀၀  ကြားအဆင့်ဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆင့်လို့ သတ်မှတ်ထားပြီး ၂၀၁ ကနေ ၃၀၀  အကြား AQI ကတော့ အထူးသဖြင့် ထိလွယ်ရှလွယ်အုပ်စုတွေအတွက် အင်မတန် မကျန်းမမာ ဖြစ်စေတဲ့အဆင့်လို့ သတ်မှတ်ထားပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013