DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုစနစ် နိုင်ငံရေးပါတီများ ထောက်ခံ
DVB
·
August 18, 2014
ဖက်ဒရယ်ပြည်ထောင်စုစနစ် နိုင်ငံရေးပါတီများ ထောက်ခံ
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနိုင်းရေးအဖွဲ့ (အန်စီစီတီ) နဲ့ နိုင်ငံရေးပါတီ ၃၀ ကျော် ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပထမဆုံးတွေ့ဆုံခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ထောက်ခံခဲ့ကြပါတယ်။

dvbMPC4ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဘက်က ဖိတ်ခေါ်မူနဲ့ ယူပီဒဗလျူစီ၊ အန်စီစီတီ နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံခဲ့ကြပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆာက်ရေး ထောက် ခံခဲ့ကြတာပါ။

တိုင်းရင်းသားပါတီပေါင်း ၂၀ နဲ့ ဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ပြောခွင့်ရသူ ပူးဇိုဇမ်က တက်ရောက်လာတဲ့ နိုင်ငံရေးပါတီအကုန်လုံးက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံကြတယ်လို့ ပြောဆိုပါတယ်။

ဒါပေမယ့် ဖက်ဒရယ်ပြည်ထောင်စုပုံစံကို သွားမယ်ဆိုရင် ဗဟိုချုပ်ကိုင်မှု လျော့ပေးရုံပုံစံမျိုးတော့ မဖြစ်လိုဘူးလို့ ပြောပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနိုင်းရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာကတော့ ဖိတ်ကြားထားတဲ့ ပါတီအားလုံက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ထောက်ခံရုံသာမကပဲ တကယ်ဖြေရှင်းရမယ့်အချက်အနေနဲ့ မြင်ပြီး အာဏာရတဲ့ အစိုးရဘက်ကလည်း လက်ခံလာရင် နိုင်ငံရေးပြဿနာဖြေရှင်းဖို့ အလားအလာကောင်းမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်) ဥက္ကဋ္ဌ ဦးခင်မောင်ရွှေကတော့ ယူပီဒဗလျူစီ၊ အန်စီစီတီ ဘက်ကနေ အပစ်အခတ်ရပ်စဲရေးဆွေးနွေးထားမူတွေကို ရှင်းလင်းခဲ့ပြီး နိုင်ငံရေးပါတီတွေဘက်ကတော့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲမှာ ပါတီတွေ ပါဝင်မယ့်ကိစ္စတွေကို အလွတ်သဘောဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

သြဂုတ် ၁၅ ရက်နေ့ကနေ မနေ့ကအထိ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အတွက် ယူပီဒဗလျူစီနဲ့ အန်စီစီတီ ပဉ္စမအကြိမ်တွေ့ဆုံပြီး ယူပီဒဗလျူစီနဲ့ အန်စီစီတီအဖွဲ့တွေက နိုင်ငံရေးပါတီ ၃၄ ပါတီနဲ့ အခုလို ပထမဆုံး တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013