DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်ထားသဖြင့် စစ်ရှောင်များ အခက်ကြုံ
DVB
·
November 25, 2023
စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်ထားသဖြင့် စစ်ရှောင်များ အခက်ကြုံ
Donate to DVB

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က ဖုန်းလိုင်းတွေ ဖြတ်တောက် ထားတာကြောင့် စစ်ရှောင်အရေးကူညီပေးသူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ အခက်အခဲတွေ ကြုံနေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ ရက်ကစပြီး ဖုန်းအော်ပရေတာတွေဖြစ်တဲ့ Ooredoo၊ Atom နဲ့ Mytel လိုင်းတို့ကို ဖြတ်တောက်ခဲ့ပြီး ၂၂ ရက်နေ့မှာတော့ MPT ဖုန်းလိုင်းကို ဖြတ်တောက်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့က MPT လိုင်း တခါတရံမိပေမယ့် အသုံးပြုရတာ အဆင်မပြေဘူးလို့ သိရပါတယ်။

Karenni Hamanitrian Aid Initiative- KHAI အဖွဲ့ကို တည်ထောင်သူ ကို Bel က “လိုင်းဖြတ်တောက်ခံလိုက်ရတော့ မိသားစုအချင်းချင်းတွေ၊ တဦးနဲ့တဦး ဆက်သွယ်တာတွေ ခက်ခဲသွားတယ်ပေါ့။ ကူညီကယ်ဆယ်ရေးတွေအတွက်လည်း အခက်အခဲဖြစ်သွားတယ်။ သတင်းအချက်အလက်တွေလည်း ပြတ်တောက် သွားတယ်ပေါ့နော်။ ဖုန်းလိုင်းတွေလည်း ဆက်သွယ်လို့မရတော့ အရမ်းခက်ခဲတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖုန်းလိုင်းရော အင်တာနက်သုံးလိုင်းတွေကိုပါ ဖြတ်တောက်လိုက်တဲ့ အတွက် လွိုင်ကော်မြို့အတွင်း ပိတ်မိနေတဲ့ ပြည်သူတွေနဲ့ လုံခြုံတဲ့နေရာကို ရောက်ရှိနေတဲ့ ပြည်သူတွေ ချိတ်ဆက်ဖို့လည်း အခက်အခဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတယောက်က “ဆက်လို့ မရဘူးလေ။ သူတို့ အဆင်မှ ပြေရဲ့လား လည်း မသိရဘူး။ ကလေးအမေက ၃ လသား ကလေးနဲ့ဆိုတော့ ပို စိတ်ပူတယ်။ အန်တီတို့ တခြား ရွှေ့ပြောင်းဖို့ကိုလည်း ဖုန်းလိုင်းတွေမရတော့ ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကိုကြောက်လို့ ပြည်သူ ၃၅,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး မိသားစုကွဲသွားတာတွေလည်း ရှိနေပေမယ့် ဖုန်းလိုင်းပြတ်တောက်နေတာကြောင့် ဆက်သွယ်ဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013