DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ် ကလိမ်ကျစရာမရှိဟု အစိုးရကတိပြု
DVB
·
August 18, 2014
ငြိမ်းချမ်းရေးဖြစ်စဉ် ကလိမ်ကျစရာမရှိဟု အစိုးရကတိပြု
1 / 2
Donate to DVB

အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီတွေ မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ် ရန်ကုန်မှာ စုဝေးပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးကြပါတယ်။

10628426_757227367649099_2872636707701652112_nအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မှတ်ပုံတင်ထား တဲ့ နိုင်ငံရေးပါတီ ၃၀ ဟာ ရန်ကုန်မြို့ မြန်မာငြိမ်း ချမ်းရေးစင်တာမှာ ပထမဆုံးအကြိမ် ဒီကနေ့ တရား ၀င်တွေ့ဆုံကြတာပါ။

ဒီတွေ့ဆုံပွဲ ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လိုအပ်တဲ့ မူဘောင်တွေ ချမှတ်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့ ဆွေးနွေးကြတာဖြစ်ပြီး တစုံတရာ ဆုံးဖြတ်ချက်တော့ချကြမှာ မဟုတ်ပါဘူး။

ငြိမ်းချမ်းရေးမူဘောင် ရေးဆွဲချမှတ်ဖို့အတွက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က  ၈ ပွင့်ဆိုင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၃ ပွင့်ဆိုင်၊ ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၀ ပါ အဖွဲ့က ၅ ပွင့် (သို့မဟုတ်)၆ ပွင့်ဆိုင် ဆွေးနွေးရေးဆွဲဖို့ ထုတ်ပြန်ထားကြပြီး ကျန်နိုင်ငံရေးပါတီကြီးတွေကလည်း နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမယ့် အချက်အလက်တွေ စုဆောင်းထားကြပါတယ်။

ဒီကနေ့ တွေ့ဆုံမှုဟာ နိုင်ငံတော်သမ္မတရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ၃ နှစ်တင်းတင်းပြည့်တဲ့အချိန်မှာ တွေ့ဆုံကြတာဖြစ်သလို မြန်မာပြည်သမိုင်းတလျှောက် ဒီလို အစုအဖွဲ့အင်အားစု စုံစုံလင်လင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဦးအောင်မင်းက “ဘာပဲဖြစ်ဖြစ် ယဉ်ကျေးမှုအသစ်တခု စပေးလိုက်တဲ့သဘောပဲ။ ဒီယဉ်ကျေးမှုက လုပ်ကိုလုပ်ရမယ့် ဒိုင်ယာလော့ခ် (တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း) ဆိုတဲ့၊ ဒီမိုကရေစီမှာ အရေးကြီးတာ ဒိုင်ယာလော့ခ်ပဲ။ တွေ့ဆုံဆွေးနွေးအဖြေရှာတယ်။ အဲဒီ ဒိုင်ယာလော့ခ်ကို အခု စလုပ်ပြီ။ စလုပ်တော့ အခုကတော့ လမ်းကြောင်းပေါ် တင်ပြီကွာ။ ဒါကတော့ မင်းတို့ ပိတ်ကားပေါ်မှာ ဆက်ကြည့်ပေါ့ကွာ” လို့ ပြောပါတယ်။

အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် မတရားသင်း ကြေညာထားတာကို မဖျက်သိမ်းရသေးပေမယ့် အစိုးရရှေ့မှာ နိုင်ငံရေးပါတီတွေနဲ့ တရားဝင် တွေ့ဆုံကြတာဖြစ်ပါတယ်။

တိုင်းရင်းသားတွေ တစိုက်မတ်မတ်တောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လွန်ခဲ့တဲ့ ၃ ရက်က အစိုးရဘက်က လိုက်လျောလိုက်တဲ့အတွက်   တပြည်လုံးအပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အကုန်လုံးနီးပါးလောက် သဘောတူညီချက်ရခဲ့ပါတယ်။ ကျန်လေးချက်လောက်ကိုတော့ ဆက်လက်ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီကာလမှာ နိုင်ငံရေးပါတီတွေကိုပါ ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ ပါဝင်လာဖို့အတွက် ဒီကနေ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် ခြေလှမ်းတခု ထပ်တိုးခဲ့တာပါ။

အန်စီစီတီအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်ကတော့ “ဒီနေ့ဆွေးနွေးပွဲက မူဘောင်ဆွေးနွေးရေးအတွက် ပြင်ဆင်တဲ့ ဆွေးနွေးပွဲမဟုတ်ပါဘူး။ အဲဒီတော့ နိုင်ငံရေးဆွေးနွေးပွဲ ဆိုတဲ့အခါကျတော့ ဦးဆောင်တဲ့သူတွေက ဘာတွေဦးဆောင်ပြီး ဆွေးနွေးမလဲဆိုတာ မသိရသေးတော့ မပြောတတ်သေးဘူးပေါ့နော်။ ဦးဆောင်တဲ့သူတွေရဲ့ ဆွေးနွေးမှု ကဏ္ဍအလိုက် ကျနော်တို့က ပါဝင်သွားဖို့ဖြစ်ပါတယ်” လို့ မီဒီယာတွေကို ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အစိုးရမူဝါဒ အပြောင်းအလဲမရှိဘူးလို့ ဦးအောင်မင်းက ထပ်မံ ကတိပြုပြောပါတယ်။

“အစိုးရရဲ့ ပေါ်လစီကတော့ အကုန်လုံး ချပြီးသားလေ။ အဲဒီပေါ်လစီအတိုင်းပဲ ဆက်သွားမှာပဲ။ ဒါကတော့ ဘာမှ ပြောင်းလဲစရာလည်း မရှိဘူး၊ ပြင်စရာလည်း မရှိဘူး။ ကလိမ် ကျစရာလည်းမရှိဘူး။ ဒီအတိုင်းပဲ ဆက်သွားမယ်။”

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြားမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး မူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်ကြဖို့ ၂၀၁၃ ခုနှစ်ကုန်ပိုင်းက မြစ်ကြီးနားမြို့တွေ့ဆုံပွဲမှာ ကတိပြုထားကြပြီး တနှစ်အကြာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ အနီးဆုံးအခြေအနေကိုရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013