DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ဘေးရှောင်များ အရေးပေါ် အကူအညီ လိုအပ်
DVB
·
November 24, 2023
ကရင်နီစစ်ဘေးရှောင်များ အရေးပေါ် အကူအညီ လိုအပ်
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်၊ ဖယ်ခုံနဲ့ ဒီးမော့ဆိုမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၃၀,၀၀၀ လောက် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေဆီ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ကြရပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနဲ့ ဆီဆိုင် ဒေသတွေကို ရုတ်တရက်ရွေ့ပြောင်းလာရတဲ့ ကရင်နီဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်နီဒေသခံပြည်သူတွေဟာ စစ်ဘေးလွတ်ရာ ဒေသအသီးသီးတွေကို ပင်ပန်းကြီးစွာနဲ့ ထွက်ပြေးလာကြပြီး အသုံးအဆောင်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ မသယ်ဆောင်နိုင်ခဲ့တာကြောင့် လက်ရှိမှာ နေရာထိုင်ခင်းနဲ့ ရိက္ခာအခက်ခဲတွေရှိနေတယ်လို့ စစ်ရှောင်ကူညီထောက်ပံ့နေသူတစ်ဦးက ပြောပါတယ်။

“ပင်လောင်းမြို့နယ်မှာတော့ ရှောင်လာတဲ့ စစ်ရှောင်တွေအများစုပဲဗျ။ တချို့လက်ခံတဲ့ ရွာဦးကျောင်းမှာဆိုရင် ပျဥ်ထောင်ကျောင်းဖြစ်တဲ့အတွက် ဘေးအကာကွယ်မပါဘဲ အိပ်ကြရတယ်။ စားနပ်ရိက္ခာပြတ်လပ်လို့ မစားရတဲ့ပြဿနာလည်း ရှိတယ်ဗျ။ လမ်းတွေ ပိတ်ထားလို့ သွားလာရ အရမ်းခက်ခဲပါတယ်။”

စစ်ရှောင်အရေတွက်တွေဟာ ရှမ်းတောင်ပိုင်းမှာပဲ လူဦးရေ ၂၀၀၀၀ လောက် ရှိနေပြီး စစ်ရှောင်ယာယီစခန်းတွေမှာ   နေထိုင်နေကြပါတယ်။ 

လက်ရှိအထိ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်မလာနိုင်သေးတဲ့ ကရင်နီပြည်သူတွေရှိနေပြီး စစ်ကောင်စီဘက်က တိုက်ခိုက်နေတာကြောင့် စိုးရိမ်ရတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“စစ်တပ်က မြို့ထဲမှာမနေတော့ဘူး မြို့စွန်မြို့ဖျားမှာနေပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပဲ ပစ်တော့တယ်။ ဒါပေမဲ့ သူတို့စစ်တပ်သွားတဲ့လမ်းတလျှောက်က ပြည်သူတွေကို ပစ်သတ်သွားတာကြောင့် ဒေသခံလူငယ်အသင်းတွေက အလောင်းပြန်ရဖို့ မနည်းညှိနှိုင်းပြီး ပြန်ထုတ်ယူရတယ်။”

နေစရာမရှိတော့ ရာသီဥတုက အေးတဲ့အခါ တအားဆိုးတယ်၊ အဝတ်ထည်၊ စောင်ခြင်ထောင် မလုံလောက်သလို ရိက္ခာကလည်း မလုံလောက်တော့ အသက်ရွယ်ကြီးတဲ့သူတွေနဲ့ ကလေးတွေ ကိုယ်ဝန်သည်မိခင်တွေအတွက် ပိုပြီးလိုအပ်ချက် များနေတယ်။ ဖြစ်နိုင်ရင် သူတို့တွေအတွက် ဦစားပေးပြီး အကူညီပေးစေချင်ပါတယ်လို့  စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ဦးရေဟာ ဆက်လက်တိုးမြင့်လာတဲ့အတွက် ရိက္ခာဆေးဝါးနဲ့ အဝတ်အထည် အကူညီတွေကို တတ်နိုင်သမျှပံ့ပိုးနိုင်ဖို့ စစ်ရှောင်တွေအရေး ပါဝင်ကူညီနေသူတွေက တောင်းဆို ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013