DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်သမား ၂ ဦး အသတ်ခံရ
DVB
·
August 18, 2014
ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်သမား ၂ ဦး အသတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး အသတ်ခံရပါတယ်။

အသတ်ခံရသူတွေက အသက် ၂၅ နှစ်အရွယ် ကိုလှသိန်းနဲ့ အသက် ၂၁ နှစ်အရွယ် ကိုအောင်မင်းသိန်းတို့ ညီအစ်ကို ဖြစ်ပါတယ်။

[caption id="attachment_62647" align="alignright" width="300"]ဖန်ငခရိုင် ငါးဖမ်းလှေတစီးပေါ်တွင် တွေ့ရသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - Jianyue) ဖန်ငခရိုင် ငါးဖမ်းလှေတစီးပေါ်တွင် တွေ့ရသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - Jianyue)[/caption]

သြဂုတ်လ ၁၃ ရက်နေ့က ဆေးဝယ် ထွက်ရာ ကနေ ပျောက်ဆုံးခဲ့ပြီး ၁၅ ရက်နေ့မှာ ဓား၊ သေနတ် ဒဏ်ရာတွေ နဲ့ သေဆုံး တာကို ပြန်တွေ့ ခဲ့ရတယ်လို့ အလုပ်သမား အရေးလှုပ်ရှားနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေး ဖောင်ဒေး ရှင်း အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

သေဆုံးသူတွေဟာ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စောဖျားကျေးရွာက ဖြစ်ပါတယ်။

သူတို့ရဲ့ ရုပ်လောင်းကို သြဂုတ်လ ၁၇ ရက်နေ့မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး သေဆုံးသူ ၂ ဦးရဲ့ မိဘတွေက ဖန်ငခရိုင် ထိုင်းမွန်ယ် မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဦးထူးချစ်က ပြောပါတယ်။

အလားတူ သြဂုတ် ၁၅ ရက်နေ့ကလည်း ရနှောင်းခရိုင် ကရပူရီမှာ အသက် ၁၉ နှစ်အရွယ် မိစိုးဆိုသူ အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဒီလိုအလားတူ  လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ ရိုက်နှက်မှု နဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။

ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားတွေကို စနစ်တကျ၊ မြန်မြန်ဆန်ဆန်၊ အကာအကွယ်ပေးမှုတွေ အရေးပေါ်လုပ်ဆောင်သင့်တယ်လို့ ဦးထူးချစ်က တိုက်တွန်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013