
ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ ဟားမတ်စ်တပ်ဖွဲ့ဌာနချုပ်ကို အစ္စရေးစစ်တပ်က သိမ်းယူခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်က ဗွီဒီယိုမှာ ပြသခဲ့ပါတယ်။
ဗွီဒီယိုမှာတော့ လက်နက်ခဲယမ်းတွေ၊ အလုပ်ရုံတခု၊ ၇ မီတာ ကျယ်တဲ့ ဥမင်လိုဏ်ခေါင်းနဲ့ ရှိတ်ခ် ဇာယစ်ဒ်မြို့ ဧရိယာရှိ ဒုံးပျံတွေ ပစ်လွှတ်ဖို့ အသုံးပြုတဲ့ စင်မြင့်တွေကို တွေ့ရှိရကြောင်း အစ္စရေးက ပြောပါတယ်။
အစ္စရေးကို အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ဟားမတ်စ်တို့ အသုံးပြုခဲ့တဲ့ ယာဉ်တစ်စီးထဲမှာလည်း လက်နက်တွေကို စစ်သားတွေက တွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရိုက်တာက ဗွီဒီယို အစိတ်အပိုင်းထဲက အဆောက်အအုံတွေရဲ့ ပုံစံတွေ၊ အရောင်အသွေးတွေ၊ ဆောက်လုပ်ရေးဆိုင်ရာ အစိတ်အပိုင်းတွေအပြင် လမ်းအပြင်အဆင်တွေကို ရှာတွေ့ခဲ့ပြီး အဲဒီဧရိယာရဲ့ ဖိုင်နဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေတာကို တွေ့ရှိခဲ့ပါတယ်။
Source/Photo : Reuters










