
ဒုတိယအကြိမ်မြောက် နိုင်ငံတကာ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ ကျင်းပနေပြီး မြန်မာက ပြေးခုန်ပစ်၊ အလေးမ၊ ရွက်တိုက်နဲ့ မြားပစ်ကစားနည်း ၄ မျိုး ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီက ပြောပါတယ်။
[caption id="attachment_62572" align="alignright" width="300"]
ဓာတ်ပုံ - ရိုက်တာ[/caption]
နိုင်ငံတကာ လူငယ်အိုလံ ပစ်ပြိုင်ပွဲ ဖြစ် လို့ မြန်မာနိုင်ငံ ကိုယ်စားပြု အသက် ၁၈ နှစ်အောက် လူငယ်တွေ ကိုပဲ ရွေးချယ်တာလို့ ဆိုပါတယ်။
ပြေးခုန်ပစ် ကစားနည်းအတွက် မနှင်းယုစိုး၊ အလေးမ ၄၈ ကီလိုတန်း မဇင်မေဦး၊ ရွက်တိုက်အားကစား ကိုဆက်နိုင်အောင်နဲ့ မြားပစ်အတွက် ကိုမင်းသီဟကျော်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကြီးဟာ မြန်မာအပါအ၀င် နိုင်ငံပေါင်း ၂၀၄ နိုင်ငံ ၀င်ရောက် ယှဉ်ပြိုင်ကြတာဖြစ်ကြောင်း ဆုတံဆိပ်ရနိုင်ဖို့ဆိုတာထက် မြန်မာကိုယ်စားပြု လူငယ်ကစားသမားတွေကို အတွေအကြုံရစေဖို့အတွက် စေလွှတ်တာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အိုလံပစ်က်ာမတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။
သြဂုတ် ၁၇ ရက်နေ့မှာ ၀ိတ်မပြိုင်ပွဲ၊ ၁၈ ရက်နေ့မှာ ရွက်လှေပြိုင်ပွဲ၊ ၂၀ ရက်နေ့မှာ ပြေးခုန်ပစ်ပြိုင်ပွဲနဲ့ ၂၂ ရက်နေ့မှာ မြားပစ်အားကစားနည်းတွေကို ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်
သြဂုတ် ၁၆ ရက်နေ့ကနေ သြဂုတ်လ ၂၈ ရက်ထိ ကျင်းပနေတဲ့ နန်ဂျင်း လူငယ်အိုလံပစ်ပွဲတော်မှာ အားကစားနည်း ၂၈ မျိုးကို နိုင်ငံပေါင်း ၂၀၄ နိုင်ငံက လူငယ် အားကစားသမား ၃၈၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြပါတယ်။
ပထမအကြိမ် အားကစားပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ ၂၀၁၀ ခုနှစ်က ကျင်းပခဲ့ပြီး မြန်မာအသင်းက အားကစားနည်း ၄ မျိုး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။











