DVB Logo
Home
နိုင်ငံတကာ
ဆိုင်ဘာလုံခြုံရေးအစီအစဉ်  သြစတြေးလျအစိုးရ ကြေညာ
DVB
·
November 23, 2023
ဆိုင်ဘာလုံခြုံရေးအစီအစဉ်  သြစတြေးလျအစိုးရ ကြေညာ
Donate to DVB

ဆိုင်ဘာလုံခြုံရေးကို ရုတ်တရက် စုပြုံတိုက်ခိုက်တာ ခံရအပြီး သြစတြေးလျအစိုးရဟာ အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် ဆိုက်ဘာလုံခြုံရေးစစ်ဆေးပေးတာ၊  ဆိုက်ဘာဥပဒေ စိုးမိုးရေးအတွက် ရန်ပုံငွေတိုးမြှင့်တာ၊ ransomware နဲ့ ဆိုင်ဘာတိုက်ခိုက်တာတွေကို မဖြစ်မနေအစီရင်ခံရမယ့် အချက်တွေ အပါအဝင် လုံခြုံရေး အလုံးစုံ ပြုပြင်ပြောင်းလဲရေး အစီအမံတွေကို နိုဝင်ဘာ ၂၂ ရက် က ကြေညာခဲ့ပါတယ်။

အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေနဲ့ သက်ဆိုင်တဲ့ ပိုပြင်းထန်တဲ့ ဆိုက်ဘာ သတင်းပို့ခြင်းဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာဖို့၊ ဆိုက်ဘာလုံခြုံရေး လုပ်သားအင်အားကို တည်ဆောက်ရေးအတွက် ရွှေ့ပြောင်းလုပ်သားတွေကို ရှာဖွေဖို့နဲ့  ဖြစ်ရပ်တွေကို သတင်းပို့ဖို့ လူတွေကို အားပေးနိုင်ရေးအတွက် အေဂျင်စီအချင်းချင်း သတင်းအချက်အလက် မျှဝေခြင်းအပေါ် ကန့်သတ်ချက်တွေ ချမယ်လို့ ပြည်ထောင်စု အစိုးရက ပြောခဲ့ပါတယ်။

ဒီစီမံချက်ဟာ အမေရိကန်ဒေါ်လာ ၃၈၂ သန်း တန်ဖိုး ရှိပါတယ်။ ကုမ္ပဏီတွေမှာ သတင်းအချက်အလက် ကျိုးပေါက်မှု နှစ်ရပ်အတွင်း နိုင်ငံလူဦးရေ ၂၆ သန်းရဲ့ တဝက်လောက်ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေ ခိုးယူခံရပြီး တနှစ်အကြာမှာ အခုလို ပြုပြင်ပြောင်းလဲ အစီစဉ်ကို ကြေညာခဲ့တာပါ။

ဒီလထဲမှာ နိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်းကြီးကြပ်သူ ကုမ္ပဏီအပေါ် ဆိုင်ဘာ တိုက်ခိုက်မှုတရပ်ကြောင့် စျေးကွက်ဖြန့်ဖြူးမှုကွင်းဆက်တွေ ရပ်သွားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံထဲက ဆိုက်ဘာရာဇ၀တ်မှုတွေဟာ ဇွန်လကနေ တနှစ်အတွင်း လေးပုံတစ်ပုံ နီးပါးခုန်တက်သွားခဲ့ပြီး ဒုက္ခရောက်သူတွေအတွက် ပျမ်းမျှကုန်ကျ စရိတ် ၁၄ ရာခိုင်နှန်း တိုးလာတယ်လို့ သြစတြေးလျ ဆိုက်ဘာလုံခြုံရေးစင်တာက  အခုလ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အမေရိကန်၊ ဗြိတိန်တို့နဲ့ ကာကွယ်ရေး သဘောတူညီချက်အသစ် ရပြီးတဲ့နောက်ပိုင်းမှာ ဩစတြေးလျဟာ ပိုကြီးတဲ့ ပစ်မှတ်ဖြစ်လာခဲ့တယ်လို့လဲ အစီရင်ခံစာက မှတ်ချက်ချ ထားပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013