DVB Logo
Home
မြန်မာသတင်း
ထိုင်းအကျဉ်းထောင်များမှ လွတ်ရက်စေ့ မြန်မာအကျဉ်းသား ၇၀  နေရပ်ပြန်
DVB
·
November 21, 2023
ထိုင်းအကျဉ်းထောင်များမှ လွတ်ရက်စေ့ မြန်မာအကျဉ်းသား ၇၀  နေရပ်ပြန်
Donate to DVB

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်အမျိုးမျိုးနဲ့ အကျဉ်းကျခံခဲ့ရပြီး လွတ်ရက်စေ့သွားတဲ့ မြန်မာနိုင်ငံသား အယောက် ၇၀ ကို ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က  တနင်္သာရီတိုင်း ကော့သောင်းခရိုင် မြန်မာအာဏာပိုင်တွေလက်ထဲကို နိုဝင်ဘာ ၂၀  ရက်က  လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

သူတို့ဟာ ထိုင်းတောင်ပိုင်း ၁၄ ခရိုင်ရှိ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခဲ့တာဖြစ်ပြီး ကြီးကြီးမားမားရာဇဝတ်မှုမဟုတ်ဘဲ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အလုပ်သမား ဥပဒေနဲ့ မညီညွတ်မှုစတဲ့ အမှုတွေသာ ဖြစ်ပါတယ်။

အသက်မပြည့်သေးတဲ့ကလေးတွေက သူတို့ မိဘတွေနဲ့အတူ ထောင်ကျခံရတာလို့ ပြည်တော်ပြန် အလုပ်သမားတွေကို လိုအပ်သလို ကူညီဆောင်ရွက်ပေးနေတဲ့ ကော့သောင်း အခြေစိုက် MWRC ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ မန်နေဂျာ ဦးမိုးဝေက ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့က ပြန်လာတဲ့ထဲမှာ အမျိုးသား ၅၁ ယောက်၊ အမျိုးသမီး ၁၉ ယောက်ပါတယ်၊ အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ကလေး မိန်းကလေး ၂ ယောက်၊ ယောကျ်ားလေး ၁ ယောက်ပါတယ်။ သူတို့က မိဘတွေထောင်ကျတော့ လိုက်နေရတာပါ။ အမှုတွေက ရာဇဝတ်မှုမဟုတ်ပါဘူး။ တရားမဝင်နယ်စပ်ဖြတ်တာ၊ အလုပ်သမားမှတ်ပုံတင်မရှိတာ၊ ဖော်ပြထားတဲ့ အလုပ်ရှင် အလုပ်အမျိုးအစားတွေနဲ့မကိုက်ညီတာ အဲလိုအမှုလေးတွေပါပဲ။”

အခုလို ပြစ်ဒဏ်စေ့အလုပ်သမားတွေကို ပြန်ပို့ရာမှာ အရင်က  ၁ လကို ၂ ကြိမ် ၁ ကြိမ်ကို လူပေါင်း ၁၀၀ ကျော်ပါရှိပါတယ်။

ရနောင်းလဝကအကျဉ်းထောင်မှာလည်း လူတွေစုပြုံနေပေမဲ့ ထိုင်းအစိုးရက တရားမဝင် အလုပ်သမားတွေကို မှတ်ပုံတင်ခွင့်ပြုပြီး အထောက်အထားတွေ လုပ်ပေးခဲ့တဲ့နောက်ပိုင်း ၁ လ ၁ ကြိမ်၊ ၁ ကြိမ်ကို လူ ၁၀၀ အောက်သာ ကျန်ရှိကာ အလုပ်သမားတွေဟာ MOU တရားဝင်လမ်းကြောင်းတွေကနေဝင်တော့ နယ်စပ် အဖမ်းအဆီးတွေ နည်းသွားတယ်လို့  ဆိုပါတယ်။

ပြည်တော်ပြန်တွေကို  ကော့သောင်းအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ရောဂါမရှိရင် ကွာရန်တင်းဝင်စရာမလိုဘဲ နေရပ်ကို တန်းပို့ပေးကြောင်း၊ ခရီးစရိတ်မှာ ကာယကံရှင်က တဝက် အစိုးရက တဝက်စိုက်ပေးပြီး မနေ့က ဝင်လာတဲ့အသုတ်ကတော့ မော်လမြိုင်၊ မြိတ်၊ ထားဝယ်စတဲ့ မြို့နယ်ကလူတွေ ပါဝင်တယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013