DVB Logo
Home
နိုင်ငံတကာ
ငလျင်လှုပ်ပြီး ချော်ရည်ထွက်လာသဖြင့် အိုက်စလန်ကျွန်းရှိ ဒေသခံ  ၄၀၀၀ကို ရွှေ့ပြောင်းပေး
DVB
·
November 20, 2023
ငလျင်လှုပ်ပြီး ချော်ရည်ထွက်လာသဖြင့် အိုက်စလန်ကျွန်းရှိ ဒေသခံ  ၄၀၀၀ကို ရွှေ့ပြောင်းပေး
Donate to DVB

အိုက်စလန်ကျွန်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ကဲ့သရင်းယာကို့ဘ်စဒို့တစ်ရှ်က ဒေသကို ထိခိုက်စေနိုင်တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် ဘေးလွတ်ရာရွေ့ပြောင်းနေကြရတဲ့  တံငါလုပ်ငန်းမြို့ ဂရင်ဒါဗစ်ခ်နေ ပြည်သူနဲ့အတူ ရပ်တည် ကူညီမယ်လို့ ပြောလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က မြို့တော် ရေကျာဗစ်ခ်နားက ရေးကျားနက်စ် ကျွန်းဆွယ်မှာ ငလျင်လှုပ်ခတ် တာတွေနဲ့ မြေအောက်ချော်ရည်တွေ ထွက်လာတာ ပိုမိုပြင်းထန်လာခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေက ဂရင်ဒါဗစ်ခ်မြို့က လူပေါင်း ၄၀၀၀ နီးပါးကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။

ဂရင်ဒါဗစ်ခ် မြို့လယ်ခေါင်က မြေကြီးပေါ်မှာ အက်ကြောင်းကြီးတွေ ဖြတ်သွားတာကို မြင်တွေ့ရပြီး အဓိက လမ်းက သွားလာဖို့ မဖြစ်နိုင်တော့ပါဘူး။ 

တချို့နေရာတွေမှာ မြေပြင်က ၁ မီတာကျော်ကျော် နစ်မြုပ်သွားပြီး အဆောက်အအုံ အများအပြားမှာ အက်ကြောင်းတွေ ပေါ်လာတာကို ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

စနေနေ့က ဗီဒီယိုမှတ်တမ်းတွေအရ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေဟာ လူသူကင်းမဲ့နေတဲ့ မြို့ တမြို့ကို ပိုက်စိပ်တိုက် ရှာခဲ့ပြီး ပစ္စည်းတွေကို ကောက်ယူ စုဆောင်းရင်း ပျက်စီးနေတဲ့ အဆောက်အအုံတွေကို စစ်ဆေးကြည့်ရှုခဲ့ကြ ပါတယ်။ 

ဂရင်ဒါဗစ်ခ်မြို့ကနေ ၄ မိုင်ကျော်အကွာမှာ ကြီးမားတဲ့ တာတမံ တခု တည်ဆောက်ဖို့လည်း ကြိုးပမ်းနေပါတယ်။ 

တာတမံဟာ ဆွာ့ဖ်စန်ဂီ ဘူမိအပူဓာတ်အားပေး စက်ရုံ တဝိုက်က ချော်ရည်စီးဆင်းမှုကို လမ်းကြောင်းလွှဲလို့ ရအောင် ဒီဇိုင်းထုတ်ထားပါတယ်။

အိုက်စလန်ကျွန်းနိုင်ငံရဲ့ အဓိက ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှု တခုဖြစ်တဲ့ ရေပြာကန် ဘူမိအပူသုံး ရေပူစမ်းကို ငလျင်ပိုတိုး လှုပ်ခတ်ခဲ့တဲ့ သီတင်းပတ် တပတ်အစောပိုင်းကတည်း ပိတ်သိမ်းခဲ့ရပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013