DVB Logo
Home
နိုင်ငံတကာ
Arrow ဒုံးကျည်ကာကွယ်ရေးစနစ်ကို အစ္စရေး ပြသ
DVB
·
November 19, 2023
Arrow ဒုံးကျည်ကာကွယ်ရေးစနစ်ကို အစ္စရေး ပြသ
Donate to DVB

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက Arrow ဒုံးကျည်ကာကွယ်ရေးစနစ်ရဲ့ လက်ရာမြောက်တဲ့ အခြေအနေကို ပြထားတဲ့ ဗီဒီယိုဖိုင်ကို နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်းက ပင်လယ်နီကနေ အစ္စရေးဘက်ဆီ ဦးတည်ရွေ့လျားနေတဲ့ ပစ်မှတ်ကို ကြားဖြတ်ဟန့်တားဖို့ ဒုံးကျည်တွေ အောင်အောင်​ မြင်မြင် ပစ်လွှတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပြခဲ့တာပါ။ 

အစ္စရေးစစ်တပ်ဟာ တောင်ပိုင်းဆိပ်ကမ်းမြို့ အိလတ်မှာ လေကြောင်း တိုက်ခိုက်မှုဆိုင်ရာ ဥသြသံ တွေ ထွက်ပေါ်လာပြီးတဲ့နောက် ပင်လယ်နီအနီးတဝိုက်မှာ ဒုံးကျည် တစင်းကို Arrow  ဒုံးကျည်ကာကွယ်ရေးစနစ်ကိုသုံးပြီး ကြားဖြတ်ဟန့်တားခဲ့တယ်လို့ နိုဝင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။ 

ဒီဒုံးကျည်ဟာ အစ္စရေးပိုင်နက်ထဲကို ဖြတ်မဝင်ခဲ့ဘူးလို့ စစ်တပ်က ပြောခဲ့ပြီး ဘယ်သူက ပစ်ခတ်ခဲ့တယ် ဆိုတာကိုလည်း မပြောခဲ့ပါဘူး။

အိလတ် အပါအဝင် အစ္စရေး ပစ်မှတ် အသီးသီးကို ပဲ့ထိန်းဒုံးကျည် တသုတ် ပစ်လွှတ်ခဲ့တယ်လို့ ယီမင်နိုင်ငံထဲက အီရန်ရဲ့ မဟာမိတ် ဟူသီ လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။

ဟူသီ လှုပ်ရှားမှုဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တို့ တိုက်ခိုက်ပြီးကတည်းက အစ္စရေးကို ဒုံးကျည်နဲ့ ဒရုန်းတွေသုံးပြီး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာပါ။

ဟူသီတွေ ပစ်ခတ်ခဲ့တဲ့ ဒရုမ်းနဲ့ ဒုံးကျည် အားလုံး ပစ်ချခံရတာ နဲ့ ပျက်ကျသွားခဲ့တာတွေကိုသာ ကြုံခဲ့ရပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013