
ပရီးမီးယားလိဂ်သမိုင်း တလျှောက် အကောင်းဆုံးနံပါတ်တစ် တိုက်စစ်မှူးက အာဆင်နယ်ဂန္ထဝင် တိုက်စစ်မှူး အွန်နရီ ဖြစ်တယ်လို့ ဗီလာတိုက်စစ်မှူး ဝက်ကင်စ်က ပြောပါတယ်။
TNT Sports နဲ့ အင်တာဗျူး အစီအစဉ်မှာ ပရီးမီးယာလိဂ်သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူး ၅ ဦးရဲ့ အမည်ကို မေးမြန်းရာမှာ အွန်နရီကို အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခဲ့တာပါ။
နံပါတ် ၅ နေရာမှာ စပါး၊ ဝက်စ်ဟမ်းနဲ့ ဆန်းဒါးလန်း တိုက်စစ်မှူးဟောင်း ဒီဖိုးကို ရွေးချယ်ပါတယ်။
နံပါတ် ၄ နေရာမှာ အာဆင်နယ်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီ၊ နံပါတ် ၃ နေရာမှာ ဟော်လန်တိုက် စစ်မှူးဟောင်း နစ္စတယ်ရွိုင်၊ နံပါတ်လေးနေရာမှာ နယူးကာဆယ်တိုက် စစ်မှူးဟောင်း အလန်ရှီးယားတို့ကို အစဉ်လိုက် သတ်မှတ်ပါတယ်။
သမိုင်းတလျှောက် အကောင်းဆုံးတိုက်စစ်မှူးအနေနဲ့ကတော့ ပြင်သစ်နဲ့ အာဆင်နယ်ဂန္ထဝင် တိုက်စစ်မှူး သီယာရီအွန်နရီကို ဝက်ကင်စ်က သတ်မှတ်ခဲ့ပါတယ်။
Photo-Reuters










