DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်ခံမြေများပြန်ပေးရာတွင် မူလလယ်သမားများထံ ၃ ရာနှုန်းသာရောက်ရှိ
DVB
·
August 17, 2014
သိမ်းဆည်ခံမြေများပြန်ပေးရာတွင် မူလလယ်သမားများထံ ၃ ရာနှုန်းသာရောက်ရှိ
Donate to DVB

သိမ်းဆည်းခံ လယ်ယာမြေတွေကို ပြန်ပေးရာမှာ မူလပိုင်ရှင်တွေဆီကို ၃ ရာခိုင်နှုန်းပဲ ရောက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောပါတယ်။

အောက်ခြေအဆင့်ဌာနတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် သိမ်းဆည်းခံ မူလမြေပိုင်ရှင်တွေ နစ်နာဆုံးရှုံးတာတွေ ရှိနေတယ်လို့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဝင်းက ပြောပါတယ်။

farmerလွှတ်တော်ရဲ့ ညွှန်ကြားချက်နဲ့ လယ်သမားနဲ့ လယ်ယာမြေကိစ္စတွေကို ဆောင်ရွက်နေတဲ့ ဦးစိန်ဝင်းက လုပ်ဆောင်ရာမှာ ကြုံတွေ့ရတာကို အခုလိုပြောပါတယ်။

“မူလ လယ်သမားတွေဆီက လယ်တွေသိမ်းပြီးတော့ ပြန်ပေးတော့ သီးစားလယ်သမားတွေကို ပေးတာတွေ တွေ့ရတယ်။ ဒါတွေက ညွှန်ကြားချက်တွေမှားနေတယ်။ ဒီညွှန်ကြားချက်တွေက တိုင်းကလာတယ်ပြောတယ်။ တိုင်းကလာတဲ့ ညွှန်ကြားချက်နဲ့ ဗဟိုကလူကြီးတွေရဲ့ လမ်းညွှန်ချက် တွေက ကွာဟနေတယ်။ ဒါတွေကို သူတို့လက်မှတ်ထိုးတာတွေကို အသုံးချပြီးတော့ ကျနော်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးတယ်ပေါ့လေ။ အဲဒါကြောင့် လူကြီးတွေ တော်တော်များများ သိသွားတယ်။ သိသွားတော့ ဒီလိုညွှန်ကြားချက်တွေ ထပ်ထွက်လာတယ်။ သက်ဆိုင်ရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုယ်စားလှယ် များဟာ မိမိရဲ့ မြို့နယ်အလိုက်မှာ ဖြစ်ပေါ်တဲ့ လယ်ယာမြေပြဿ နာတွေကို မြို့နယ်လယ်စည်နဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ တာဝန်ပေးထားတာပဲ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တိုင်းက မိမိရရအဲဒီတာဝန် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဆောင်ရွက်မယ်ဆိုရင် တောင်သူလယ်သမားတွေအတွက် အတော်လေးအကျိုးရှိမယ်လို့ ကျနော်ပြောချင်တယ်။”

မြေယာ စီမံခန့်ခွဲရေးကော်မတီအဆင့်ဆင့်မှာ မြေသိမ်းတုန်းက လူပုဂ္ဂိုလ်တွေ ပါဝင်နေသေး တာကိုလည်း ဦးစိန်ဝင်းက ဝေဖန်လိုက်ပါတယ်။

ပြီးတော့ မြေယာကိစ္စတွေမှာ အရေးပါတဲ့ ဌာနဖြစ်တဲ့ မြေစာရင်းဌာနနဲ့ ပတ်သက်ပြီးတော့လည်း ဦးစိန်ဝင်းက အခုလိုဆက်ပြောပါတယ်။

“မြေစာရင်းက အရမ်းအရေးပါတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သိမ်းဖို့အတွက် အစအဆုံး လုပ်နေတာက မြေစာရင်း။ အမိန့်ပေးတာက အုပ်ချုပ်ရေး။ ဆောင်ရွက်တာက မြေစာရင်း။ သိမ်းစဉ်တုန်းက သူက အကျိုးဆောင်ခရတယ်။ ပြန်ပေးတော့လည်း အကျိုးဆောင်ခ လိုချင်သေးတဲ့ သဘောဖြစ်နေတယ်။ မြေစာရင်းက ၂ သီးစားလိုဖြစ်နေတယ်။ သိမ်းစဉ်တုန်းက ကုမ္ပဏီက ပူးပေါင်းပြီးဆောင်ရွက်တာကို မပြောလိုဘူး။ ယနေ့တောင်သူလယ်သမားတွေ ဒုက္ခရောက် နေတာပါ။ တောင်သူလယ်သမားတွေက မြေသိမ်းခံရလို့ နစ်နာပါတယ်ဆိုမှ ကိုယ့်မြေလေး ရဖို့ တောင်သူလယ်သမားတွေက မပေးနိုင်ဘူး။ အဲဒီအခါကျတော့ ပေးနိုင်တဲ့ ကုမ္ပဏီဘက်ကနေပြီး သာသာထိုးထိုး အလုပ်လုပ်တာတွေ တွေ့ရတယ်လေ။”

လယ်ယာမြေ အရေးကိစ္စတွေကို ကူညီဖြေရှင်းပေးဖို့အတွက် တခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဦးစိန်ဝင်းက အခုလို တိုက်တွန်းလိုက်ပါတယ်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကဗျာ လက်ရှိအခြေအနေမှာ ပြည်သူတွေ ဘာအခက်အခဲ ဖြစ်နေလဲ။ အဲဒီအခက်အခဲကို အရင်ဦးအောင် လုပ်ပါ။ ၂၀၁၅ မှာ မဲနိုင်ဖို့ ဆိုတာတွေ မလုပ်ပါနဲ့။ လက်ရှိအလုပ်တောင် ကောင်းအောင်မလုပ်နိုင်ရင် ၂၀၁၅ ကို ဗန်းပြပြီး ပြောတဲ့ဟာ လက်တွေ့မကျဘူး။ ကျနော်အကြံပေးချင်တာက ပြည်သူ့အတွက် ကိုယ်စားလှယ်တွေဟာ မိမိရဲ့ဒေသမှာ ပြည်သူတွေရဲ့ ဆန္ဒကို လက်တွေ့ အကောင်အထည် ဖော်ပြီး ဆောင်ရွက်တာဟာ ပြည်သူ့ရဲ့ထောက်ခံမှု ရအောင်လုပ်တယ်ပဲပြောပြော ပြည်သူတွေရဲ့ ဖြစ်နေတဲ့ အခက်အခဲကို အမြန်ဆုံးဖြေရှင်းတာဟာ အဲဒါ လက်တွေ့ကျတဲ့ နိုင်ငံရေးပဲ အမှန်တရားလည်းဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းက လယ်ယာမြေပြဿ နာကို အဓိက ထားပြီးဖြေရှင်းပေးဖို့ ကျနော့်အနေနဲ့ တိုက်တွန်းအကြံပြု လိုပါတယ်။ ”

အခုလို လယ်ယာမြေကိစ္စတွေကို မအူပင်မြို့နယ်တင်မကပဲ ပန်းတနော်၊ ကျောင်းကုန်း၊ အိမ်မဲ စတဲ့ဒေသတွေကိုလည်း ကူညီပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013