DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင်သမ္မတနှင့် တရုတ်သမ္မတတို့ တွေ့ဆုံပြီး တောင်တရုတ်ပင်လယ်အရေး နည်းလမ်းရှာ
DVB
·
November 19, 2023
ဖိလစ်ပိုင်သမ္မတနှင့် တရုတ်သမ္မတတို့ တွေ့ဆုံပြီး တောင်တရုတ်ပင်လယ်အရေး နည်းလမ်းရှာ
Donate to DVB

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ လျှော့ချဖို့နဲ့ ဖိလစ်ပိုင် ငါးဖမ်းသမားတွေရဲ့  ငါးဖမ်း နယ်မြေတွေ ပြန်လည်ရရှိရေး နည်းလမ်းတွေ ရှာဆွေးနွေးခဲ့ပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ ငြိမ်းချမ်းရေး ထိန်းသိမ်းမယ့် လုပ်ငန်းစဉ်ရဲ့ အဓိက အစိတ်အပိုင်းအဖြစ် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပြီး တောင်တရုတ်ပင်လယ်အတွင်း ပင်လယ်လမ်းကြောင်းနဲ့ လေကြောင်းလမ်းတွေ ထားဖို့ လိုတယ်လို့ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ အေပက် ထိပ်သီး အစည်းအဝေးမှာ သမ္မတမားကို့စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်သင်္ဘောတွေ တိုက်မိမှုအပါအဝင် ဖြစ်ရပ်တွေအတွက် စိုးရိမ်တဲ့ အကြောင်း မားကို့စ်က ပြောပြီး ဖိလစ်ပိုင် ငါးဖမ်းသမားတွေရဲ့ အခက်အခဲကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပထဝီနိုင်ငံရေးပြဿနာတွေဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် မဖြစ်သင့်ဘူး ဆိုတာ သူနဲ့ ရှီက သဘောတူညီခဲ့တယ်လို့ မားကို့စ်က ပြောပါတယ်။

မားကို့စ်ဟာ ၂၀၂၂ ခုနှစ်မှာ အာဏာရလာကတည်းက သူမတိုင်ခင်က သမ္မတတွေရဲ့ တရုတ် ပြည်မကြီး အစိုးရကို လိုလားတဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်ပြီး အမေရိကန်ပြည်ထောင်စုနဲ့  ပိုနွေးထွေးတဲ့ ဆက်ဆံရေးကို ရအောင် အားထုတ်ခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013