DVB Logo
Home
နိုင်ငံတကာ
အထောက်အထားမဲ့ အာဖဂန်နစ္စတန်နိုင်ငံသားများကို ပါကစ္စတန် နှင်ထုတ်
DVB
·
November 18, 2023
အထောက်အထားမဲ့ အာဖဂန်နစ္စတန်နိုင်ငံသားများကို ပါကစ္စတန် နှင်ထုတ်
Donate to DVB

အာဖဂန်နစ္စတန် နိုင်ငံသား ထောင်ပေါင်းများစွာကို ပါကစ္စတန်နိုင်ငံက နှင်ထုတ်နေလို့ ဆောင်းရာသီမှာ အလွန် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အာဖဂန်ကို အုပ်ချုပ်သူ တာလီဘန်တွေရဲ့ ယာယီ ကုန်သွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

ဆောင်းရာသီရောက်လာပြီ၊ ရွှေ့ပြောင်း အခြေချသူတွေဟာ သူတို့ရဲ့ ဆေးဝါးနဲ့ ကျန်းမာရေး ပြဿနာ၊ သူတို့ရဲ့ စားဝတ်နေရေး ပြဿနာတွေ၊ ဆောင်း ရာသီနဲ့ အအေးမိတဲ့ ပြဿနာတွေ အများကြီးရှိနေတယ်ဆိုတာ သေချာပါတယ်” လို့ တာလီဘန် ယာယီ ကုန်သွယ်ရေးဝန်ကြီး ဟာဂျီ နူးရုဒင် အာဇီဇီက ရိုက်တာ သတင်းဌာနကို ပြောခဲ့တာပါ။

ပါကစ္စတန်ကို တိုက်ခိုက်ဖို့ အာဖဂန်နစ္စတန်ကို အသုံးပြုနေတဲ့ စစ်သွေးကြွတွေကို အရေးယူဖို့ တာလီဘန်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့က ဆန္ဒမရှိတဲ့အတွက် တုန့်ပြန်တဲ့အနေနဲ့  အထောက် အထားမဲ့ အာဖဂန်နိုင်ငံသား ထောင်ပေါင်းများစွာကို နှင်ထုတ်ဖို့ လုပ်တာလို့ ပါကစ္စတန်က ခုလ အစောပိုင်း မှာ ပြောခဲ့ပါတယ်။

တာလီဘန်အရာရှိတွေက စစ်သွေးကြွတွေဟာ ပါကစ္စတန်အတွက် ပြည်တွင်းရေးကိစ္စဖြစ်ပြီး အာဖဂန်နိုင်ငံသားတွေကို နေရပ်ပြန်ပို့တာကို ရပ်တန့်ဖို့ ပါကစ္စတန် အစိုးရကို တောင်းဆို ထားပါတယ်။ 

အာဖဂန်နစ္စတန်ကို ပြန်လာတဲ့ အာဖဂန်နိုင်ငံသားတွေဟာ စီးပွားရေးနှင့် နေအိမ်အများအပြားကို ဆယ်စုနှစ်များစွာ တည်ဆောက်ထားခဲ့တဲ့ ပါကစ္စတန်ကနေ အာဖဂန်ဆီ ငွေကြေးနဲ့ ပစ္စည်းတွေ ပြန်လွှဲပြောင်းနိုင်မှုအပေါ် ကန့်သတ်ချက်တွေ ရှိနေတယ်လို့ ပြောကြပါတယ်။

“ဒါက လူတွေရဲ့ ပိုင်ဆိုင်မှုကိစ္စ ဖြစ်လို့ အသေးစိတ် ဆွေးနွေးသင့်ပြီး ဒီအရေးကြီးတဲ့ ပြဿနာ အတွက် အဖြေတစ်ခု ရှာသင့်တယ်” လို့ အာဇီဇီက ဆက်ပြောပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (IRC) ကလည်း ပါကစ္စတန်ကနေ ရောက်လာတဲ့ အာဖဂန် ဒုက္ခသည်တွေ အသက်ရှင် ရပ်တည်နိုင်ရေး အတွက် အလွန် စိုးရိမ်တယ် လို့ ထုတ်ပြောခဲ့ပါတယ်။

သူတို့ဟာ အလွန် ပြင်းထန်တဲ့ ဆောင်းရာသီ အခြေအနေတွေနဲ့ ရင်ဆိုင် နေရတာပါ။ သောင်းနဲ့ချီတဲ့ အာဖဂန်လူမျိုးအများစုဟာ တာလီဘန် အာဏာပိုင်တွေက နောက်ထပ်နေရာ အများအပြားကို စီးနင်းရှာဖွေနေလို့ အာဖဂန် နိုင်ငံတွင်းကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ပါကစ္စတန်မှာ ဆယ်စုနှစ် များစွာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013