
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ စာနယ်ဇင်းကောင်စီ ယာယီတို့ တွေ့ဆုံပြီး သတင်းမီဒီယာ နည်းဥပဒေတွေ အမြန်ဆုံးထွက်ပေါ်လာဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ သတင်းအယ်ဒီတာ ဦးချစ်ဝင်းမောင်က ပြောပါတယ်။
ရန်ကုန်မြို့က စာနယ်ဇင်းကောင်စီရုံးခန်းမှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး အသစ်နဲ့ ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ တွေ့ဆုံပွဲအပြီးမှာ ၂ ဖက်သဘောတူညီ ကြေညာချက်တစောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။
နောင်မှာလည်း ၀န်ကြီးနဲ့ ကောင်စီတို့ တလတကြိမ် ပုံမှန်တွေ့ဆုံဖို့ သဘောတူခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ဦးချစ်ဝင်းမောင်ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။










