DVB Logo
Home
မြန်မာသတင်း
ကချင်တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီတွေ ပြင်ဆင်
DVB
·
August 16, 2014
ကချင်တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီတွေ ပြင်ဆင်
Donate to DVB

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ကချင်ပါတီတွေ အပါအ၀င် နိုင်ငံရေးပါတီတွေ ပြင်ဆင်နေကြပါပြီ။

Kachin-Manawကချင်ပြည်နယ်ထဲက လစ်လပ်မဲဆနနယ်တွေမှာ ၀င်ပြိုင်ဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သူကိုယ်တိုင် ၀င်မပြိုင်ပေမယ့် သူ့ပါတီက ကိုယ်စားလှယ်လောင်းတွေ ၀င်ပြိုင်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“အနည်းဆုံး ၃ နေရာတော့ ဖြစ်မှာပါ။ ၄ နေရာစလုံးလည်း ဖြစ်သွားနိုင်စရာအကြောင်း ရှိပါတယ်။ ကျနော်တို့ အယူအဆမှာကတော့ ပါတီကြီး ပါတီငယ် မခွဲခြားဘူး။ ပါတီကြီးဆိုပြီး လူထုထောက်ခံမှုမဲ့တဲ့ ပါတီကြီးတွေ ရှိသလို ပါတီလေးဆိုပေမယ့် လူထုထောက်ခံတဲ့ ပါတီလေးတွေလည်း ရှိတယ်။ ဒါကြောင့်မို့လို့ အဓိက ကတော့ ကျနော်တို့က ပြည်သူနဲ့ တသားတည်း ဖြစ်ဖို့ပဲ။ ပြည်သူလူထုထောက်ခံမှုအများဆုံးဖြစ်ဖို့ ကျနော်တို့ ကြိုးစားနေတယ်။ ”

လစ်လပ်နေရာ အားလုံးဝင်ပြိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်ထဲ လတ်တလော ထုတ်ပြန်ချက်တွေအရ ၀ိုင်းမော်၊ဖားကန့်၊ဗန်းမော်နဲ့ မိုးကောင်းတို့မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ကချင်မှာ သူ့ပါတီကိုယ်စားလှယ်တွေ ၀င်ပြိုင်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကချင်မှာ ပြီးခဲ့တဲ့နှစ်က ဖားကန့်ရယ် ဗန်းမော်ရယ် မိုးကောင်းရယ် မ၀င်လိုက်ရဘူး။ အဲဒီသုံးခုအပြင် ၀ိုင်းမော်မှာ ပြည်နယ်လွှတ်တော်ပေါ့ အဲဒီအတွက်ပါ ၄ နေရာဝင်ဖို့ သတ်မှတ်ထားပါတယ်။ ၀င်လည်း ၀င်ကြမှာပါ။”

စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်ဒွဲဘူကတော့ သူတို့ ပါတီအနေနဲ့ ကြားဖြတ်ဝင်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

ပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ တို့ကလည်း ကြားဖြတ်မှာ လစ်လပ်နေရာ အားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) နဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP တို့က ကိုယ်စားလှယ်လောင်းတွေ ၀င်ပြိုင်ဖို့ ပဏာမလူရွေးထားပြီးဖြစ်တယ်၊ပြည်နယ်အားလုံးမှာ သူတို့ ကိုယ်စားလှယ်လောင်းတွေအားလုံး အနိုင်ရဖို့ ရှိတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဒီဗွီဘီကို ပြောထားပါတယ်။

အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မဆလပါတီကို အမွေဆက်ခံတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီဟာ ခုနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေး ကောက်ပွဲမှာ အမတ်နေရာ ၁၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ က ဒီဗွီဘီကိုပြောပါတယ်။ အမျိုးသားလွှတ်တော်မှာ နေရာ (၆)နေရာ၊ ပြည်သူ့လွှတ်တော်မှာ (၆) နေရာနဲ့ ပြည်နယ်တိုင်းဒေသကြီးလွှတ်တော် ၆ နေရာမှာ ၀င်ပြိုင်မှာဖြစ်တယ်လို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောပါတယ်။ တစညပါတီအနေနဲ့ ရှမ်းနဲ့ ကရင်ပြည်နယ်က လွဲလို့ ကချင်နဲ့ ရခိုင်ပြည်နယ် အပါအ၀င် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေက လစ်လပ်မဲ ဆန္ဒနယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆွယ်ကာလ တိုတောင်းတယ်လို့ ပြောပါတယ်။

“ရက်ပေါင်း ၃၀ ပြန်ဖြစ်သွားတယ်။ အဲဒါကလည်း ကော်မရှင်ကပြောတာ ကျနော်တို့ ကြားရတယ်။ အဲဒီ ရက်ပေါင်း ၃၀ ကို ကြားဖြတ်ရွေးကောက်ပွဲမှာ စမ်းကြည့်မယ်။ စမ်းကြည့်ပြီးတော့မှ တိုလွန်းတယ်ဆိုတာ ဖြစ်လို့ရှိရင်တော့ လာမယ့် ၂၀၁၅ မှာ တိုးရင်တိုးပေးမယ်။ ကျနော်တို့ အမြင်ကတော့ ရက်ပေါင်း ၃၀ ဆိုတာ မလုံလောက်ပါဘူး။”

လတ်တလော စာရင်းတွေအရ ကချင်ပါတီ ၄ ခုရှိပါတယ်။

လစ်လပ်မဲဆန္ဒနယ်မြေတွေ အတွက် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ကို ဒီနှစ်ကုန်ပွင့်လင်းရာသီဖြစ်တဲ့ နိုဝင်ဘာလကုန် ဒါမှမဟုတ် ဒီဇင်ဘာလဆန်းလောက်မှာ ကျင်းပမယ့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြီးခဲ့တဲ့ မတ်လက တရားဝင်ပြောကြားထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013