DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့ရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
November 17, 2023
ရွှေကျင်မြို့ရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပူးပေါင်းတော်လှန်ရေးအဖွဲ့က စစ်ကောင်စီရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ရာ မိနစ်အနည်းငယ်အတွင်း သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ကြီးတွေနဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ BPLA ကွပ်ကဲရေးရုံးက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ ရွှေကျင်မြို့၊ ကျူချောင်းရွာနားက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ လက်အောက်ခံ ခမရ ၃၅၁ တပ်ရင်းရဲ့ အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး မိနစ် ၂ဝ ဝန်းကျင်ခန့်မှာ သိမ်းပိုက်ရရှိခဲ့တာပါ။

BPLA ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက “လတ်တလောမှာ လေကြောင်းရန်ကြောင့် ဖြေကြားပေးလို့ မရသေးတဲ့အတွက် ထုတ်ပြတ်ချက်အတိုင်း ရေးသားပေးပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စခန်းသိမ်းပိုက်နိုင်ခဲ့ပြီးနောက် တိုက်ပွဲအတွင်းမှာ ၆၀ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၅၂ လုံး၊ Jumper ၁ ခု၊ စကားပြောစက်အကြီး ၁ လုံး၊ အီနာဂါ ၁၃ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ RPG သီး ၂၂ လုံး၊ RPG ပို့ယမ်း ၁၆ ခု၊ တင့်ဖျက် ၃ ခု၊ ၄၀ မမသီး ၁၂ လုံး၊ မြေမြှုပ်မိုင်း ၉ လုံးနဲ့ ၅.၅၆ ကျည် ၁,၁၂၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားစဥ်မှာပဲ စစ်ကောင်စီတပ်ဘက်က စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

၁ဝ၂၇ စစ်ဆင်ရေး စတင်ပြီး နောက်ရက်ကတည်းက BPLA ဟာ တိုက်ပွဲတွေတွင်း ပါဝင်လာခဲ့ပြီး အမှတ် ၁ဝ၇ တောင်ပိုင်းစစ်ဒေသနဲ့ အမှတ် ၂ဝ၃ ရှမ်းမြောက်စစ်ဒေသတို့မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်ကလည်း ရှမ်းမြောက်ဒေသတိုက်ပွဲမှာ စစ်ကောင်စီက ဗိုလ်ကြီးအပါအဝင် ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် အလက် ၄ဝ ကျော်ကို သိမ်းဆည်းရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013