
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ယူရမဲ့ ဒိုင်လူကြီးစာရင်းကို FIFA က ထုတ်ပြန်လိုက်ရာမှာ ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေဖြစ်တဲ့ မိုက်ကယ်အိုလီဗာနဲ့ အန်သိုနီတေလာတို့ ရွေးချယ်ခံခဲ့ရပါတယ်။
သူတို့ ၂ ယောက်စလုံးအတွက်တော့ ဒါဟာ ကာတာကမ္ဘာ့ဖလားပြီးနောက် ဒုတိယအကြိမ်မြောက် ရွေးချယ်ခံရတာဖြစ်ပြီး အင်္ဂလန်နိုင်ငံကိုယ်စားပြု ဒိုင်အဖွဲ့ဝင် စုစုပေါင်း ၆ ယောက် ပါဝင်မှာပါ။
ဒီတခေါက် ကမ္ဘာ့ဖလားမှာတော့ ထူးခြားချက်အနေနဲ့ ဒိုင်လူကြီးတွေဟာ ကွင်းအတွင်း မြင်ကွင်းတွေကို ပရိသတ်တွေဆီ တိုက်ရိုက်ပြသနိုင်ဖို့ Body Camera တွေကို ပထမဆုံးအကြိမ် တပ်ဆင်သွားကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Semi-automated လူကျွံဖမ်းစနစ်နဲ့ ဂိုးစည်းနည်းပညာတွေကိုလည်း ပိုမိုအဆင့်မြှင့်တင် အသုံးပြုသွားမှာပါ။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ကျင်းပမဲ့ အသင်း ၄၈ သင်းပါ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကိုတော့ လာမဲ့ ဇွန် ၁၁ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။










