DVB Logo
Home
နိုင်ငံတကာ
သြစတြေးလျရဲတပ်ဖွဲ့က ရာဇဝတ်ဂိုဏ်းကို နှိမ်နင်းပြီး လူ ၂၈ ဦးဖမ်းဆီး
DVB
·
November 15, 2023
သြစတြေးလျရဲတပ်ဖွဲ့က ရာဇဝတ်ဂိုဏ်းကို နှိမ်နင်းပြီး လူ ၂၈ ဦးဖမ်းဆီး
Donate to DVB

ဩစတြေးလျနိုင်ငံရဲ့ ရာဇဝင်မှာ သြဇာအကြီးဆုံး ရာဇဝတ်ဂိုဏ်းတခုကို ဖြိုခွင်းနှိမ်နင်းတဲ့ စစ်ဆင်ရေးတခုမှာ လူ ၂၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဩစတြေးလျရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်မှာ တနှစ်ကြာ အချိန်ယူ စုံစမ်းစစ်ဆေးထားတဲ့ ဒီအမှုကို စစ်ဆင်ရေး ပြုလုပ်ခဲ့ရာမှာ ရဲအရာရှိ ၄၅၀ ကျော်က နေရာပေါင်း ၃၇ ခုမှာ ရှာဖွေဝရမ်းတွေနဲ့ ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်ဒုတိယရဲမင်းကြီး ဒေးဗစ်ဟဒ်ဆန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်ဘနွန်နိုင်ငံမှာ အစပြု ဆင်းသက်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားတဲ့ အဲဒီဂိုဏ်းဟာ ဩစတြေးလျဒေါ်လာ ၁ ဘီလျံကျော် တန်ဖိုးရှိတဲ့ လက်နက်၊ မူးယစ်ဆေးဝါး၊ ဆေးရွက်ကြီးနဲ့ ငွေကြေးခဝါချမှု ပြစ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

ရဲတပ်ဖွဲ့က လမ်းပေါ်တန်ဖိုး ဩစတြေးလျဒေါ်လာ သန်း ၁၃၀ ကျော် တန်ဖိုးရှိတဲ့ တားမြစ်ဆေးဝါးတွေနဲ့ တရားမဝင် ဓာတုဆေးဝါးတွေ၊ သေနတ် ၂၅ လက်၊ ငွေသားနဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး၊ ဒေါ်လာ ၃ သန်းတန်ဖိုးရှိ ဇိမ်ခံနာရီတွေနဲ့ လမ်ဘော်ဂီနီ ကားတစီးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့တနှစ်အတွင်း ဒစ်ဂျစ်တယ်ငွေကြေး ၁ ဒသမ ၅ ဘီလီယံကျော် ပြောင်းရွှေ့သွားခြင်းနဲ့ ဆက်စပ်နေတာကိုလည်း တွေ့ရှိထားပြီး ဒါဟာ ဒီရာဇဝတ်ဂိုဏ်းကွန်ရက်ရဲ့ သိသာထင်ရှားတဲ့ ညွှန်ပြချက်ပဲလို့ နယူးဆောက်သ်ဝေးလ်စ် ရဲစုံထောက် အကြီးအမှူး ပီတာ‌ဖောက်စ်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013