DVB Logo
Home
နိုင်ငံတကာ
ဂျပန်တွင် စစ်ရေးလေ့ကျင့်ပြီး ရဟတ်ယာဉ်မှူးများကို သင်တန်းပေး
DVB
·
November 15, 2023
ဂျပန်တွင် စစ်ရေးလေ့ကျင့်ပြီး ရဟတ်ယာဉ်မှူးများကို သင်တန်းပေး
Donate to DVB

ဂျပန်နိုင်ငံမှာ ပြည်လုံးကျွတ် စစ်ရေးလေ့ကျင့်ပွဲတွေ ဆင်နွှဲနေချိန်အတွင်း ကျူးကျော်သူတွေကို တွန်းလှန်ဖို့ ဂျပန်ရဟတ်ယာဉ်မှူးတွေကို သင်တန်းပေးနေပါတယ်။

အရှေ့အာရှမှာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခအတွက် လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင်တပ်ဖွဲ့တွေကို ပြင်ဆင်ဖို့ ဂျပန်နိုင်ငံမှာ ဆောင်ရွက်နေတာပါ။

ဂျပန်စစ်တပ်ရဲ့ အပါချီ ရဟတ်ယာဉ်တစင်းဟာ နိုဝင်ဘာ ၁၅ ရက်က ကျွန်းငယ်ပေါင်း ၁၅၀ ကျော် စုဖွဲ့ထားတဲ့ အိုကီနာဝါခရိုင်အတွင်း လူသူမဲ့ကျွန်းတကျွန်းပေါ်မှာ ခပ်နိမ့်နိမ့် ပျံသန်းလာခဲ့ပြီး ကျူးကျော်သူတပ်ဖွဲ့တွေအဖြစ် အသွင်ယူထားသူတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဂျပန်ရဲ့ ကုန်းရေနှစ်သွယ် အမြန်ဖြန့်ကျက်ရေး တပ်မဟာ (ARDB) ရဲ့ တပ်မှူး ရှင်းငို နာရှိနိုခိက “ဒီကျွန်းတွေကို သိမ်းပိုက်ခံရတဲ့အခါ ကျနော်တို့က ကျွန်းပေါ်တက်၊ ပြန်သိမ်းပြီး လုံခြုံအောင် လုပ်မယ်။ သေချာတာကတော့ ကျွန်းပေါ်မတက်မီနဲ့ တိုက်ပွဲတွေမှာ ပစ်ခတ်မှုဟာ အရေးအကြီးဆုံးပါ” လို့ အိရိစုနကျွန်းပေါ်မှာ ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း ARDB က ဂျပန်တပ်ဖွဲ့ဝင်တွေကို သူတို့ရဲ့ အိုကီနာဝါအခြေစိုက် အမေရိကန် မရိမ်းတပ်ဖွဲ့ အရာရှိတွေက စောင့်ကြည့်လေ့လာခဲ့ပါတယ်။

အိုကီနာဝါကျွန်းမကြီးကနေ ၄၃ ဒသမ ၅ မိုင် အကွာမှာရှိတဲ့ အိရိစုနကျွန်းကို ဖြတ်ကျော်ပျံသန်းမှုဟာ ၁၁ ရက်ကြာ ဂျပန်နိုင်ငံတဝန်း 05JX စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၀ မှာ ပြီးဆုံးမယ့် စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်နိုင်ငံမြောက်ပိုင်းက လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခန်းနဲ့ ဖူကူရှီးမားစက်ရုံ အပါအဝင် နျူးကလီးယား ဓာတ်ပေါင်းဖို ငါးခုကို ပုံစံတူ အသွင်ယူ တိုက်ခိုက်လေ့ကျင့်တာတွေ ပါပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013