DVB Logo
Home
မြန်မာသတင်း
ထိုင်းအလုပ်ရှင် ထွက်ပြေးသွားသဖြင့် ဒုက္ခရောက်နေသည့် မြန်မာလုပ်သား ၁၈၀ ကို ကယ်တင်
DVB
·
November 14, 2023
ထိုင်းအလုပ်ရှင် ထွက်ပြေးသွားသဖြင့် ဒုက္ခရောက်နေသည့် မြန်မာလုပ်သား ၁၈၀ ကို ကယ်တင်
Donate to DVB

ထိုင်းနိုင်ငံ၊ ရယောင်ခရိုင်၊ နိခုန်ဖက်ထနာမြို့၊ ဖနာနိခုံကျေးရွာရှိ ‌ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အလုပ်ရှင်ထွက်ပြေးသွားတဲ့အတွက် ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမား အယောက် ၁၈၀ ကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ကယ်တင်ခဲ့တယ်လို့ Thailand Post သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမား အယောက် ၁၈၀ ဟာ ၂ လ လုပ်ခလစာ မရတဲ့အပြင် အလုပ်ရှင်ပါ ထွက်ပြေးတာကြောင့် စားရေးသောက်ရေး ခက်ခဲနေပြီး တောထဲမှာရှိတဲ့ ပီလောပီနံနဲ့ ဟင်းသီးဟင်းရွက်တို့ကိုသာ စားသောက်နေရပါတယ်။

မြန်မာအလုပ်သမားတွေကို အနီးနားမှာရှိတဲ့ ထိုင်းဒေသခံတွေကလည်း တတ်နိုင်သမျှ ကူညီပေးခဲ့တဲ့အပြင် ထိုင်းအာဏာပိုင်တွေကိုလည်း ဆက်သွယ်ပြီး အကူအညီ တောင်းပေးခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က မြန်မာအလုပ်သမားတွေကို ကူညီပေးနိုင်ဖို့ စစ်ဆေးမေးမြန်းခဲ့ရာ မြန်မာအလုပ်သမားတွေက အလုပ်ရှင်ထံမှ ပိုက်ဆံတောင်းခံခဲ့ရာ ပိုက်ဆံမပေးဘဲ နေအိမ်တန်းလျားမှ မောင်းထုတ်တဲ့အပြင် လဝကနဲ့ ဖမ်းခေါ်ခိုင်းမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အလုပ်အကိုင်ဦးစီးဌာနမှ နိုင်စွန်ထရာက “မြန်မာအလုပ်သမားတွေ အကုန်လုံးက အထောက်အထား စာရွက်စာတမ်း အပြည့်အစုံ ပါရှိပါတယ်။ ထိုင်းအလုပ်ရှင်က အလုပ်သမား ၁၈၀ ကို လုပ်အားခ ဘတ် ၃ သန်း ပေးရမှာပါ။ အလုပ်ရှင်ကိုရှာပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ရယောင်ခရိုင် လူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဌာနက မြန်မာအလုပ်သမားတွေအတွက် လိုအပ်တဲ့ ဆန်နဲ့ ရိက္ခာခြောက်တွေကို ကူညီပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အလုပ်သမားတွေနေထိုင်တဲ့ နေရာဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့အတွက် ကျန်းမာရေးဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ အရင်က သတိပေးခဲ့ပေမဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် မြေနေရာငှားထားတဲ့ မြေပိုင်ရှင်ကို ပြည်သူ့ကျန်းမာရေးဥပဒေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ နိခုမ်ဖတ်ထနာမြို့ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Source/Photo-Thailand Post English

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013