DVB Logo
Home
နိုင်ငံတကာ
အန်နီမေးရှင်း ရုပ်ရှင်ကားသစ် Wish အထူးမိတ်ဆက်ပွဲပြသ
DVB
·
November 14, 2023
အန်နီမေးရှင်း ရုပ်ရှင်ကားသစ် Wish အထူးမိတ်ဆက်ပွဲပြသ
Donate to DVB

နာမည်ကျော် ဒစ္စနေးရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုရဲ့ နောက်ဆုံးထွက် အဲန်နီမေးရှင်း ရုပ် ရှင်ကားသစ် Wish ရဲ့ အထူးမိတ်ဆက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့ပြီး ပါဝင်ကြတဲ့ သရုပ်ဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကားကိုတော့ နာမည်ကြီး Tarzan ၊ Surf's Up နဲ့ Frozen ရုပ်ရှင်ကားတွေကို ရိုက်ကူး ခဲ့တဲ့ ဒါရိုက်တာ Chris Buck နဲ့  Fawn Veerasunthorn တို့က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားရဲ့ အဓိက ဇာတ်ကောင် အသက် ၁၇ နှစ်အရွယ် မိန်းကလေး Asha အဖြစ် သရုပ်ဆောင်မင်းသမီး Ariana DeBose က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး မင်းသား Chris Pine က King Magnifico အဖြစ် ပါဝင်ထားကာ မင်းသားကြီး Alan Tudyk ကတော့ Valentino အမည်ရတဲ့ ဆိတ်ကလေးနေရာတွေမှာ အသီးသီး အသံနဲ့ သရုပ်ဆောင်ထားကြပြီး တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။

ကြာမြင့်ချိန် ၉၂ မိနစ်ရှိတဲ့ Wish ရုပ်ရှင်ကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ လာမယ့် နိုဝင်ဘာ ၂၂ ရက်ကစ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013