DVB Logo
Home
မြန်မာသတင်း
၁၁၁၁ စစ်ဆင်ရေး၌ ကျဆုံးခဲ့သည့် ရဲဘော်လားရှိုး၏ ဈာပနကျင်းပ 
DVB
·
November 14, 2023
၁၁၁၁ စစ်ဆင်ရေး၌ ကျဆုံးခဲ့သည့် ရဲဘော်လားရှိုး၏ ဈာပနကျင်းပ 
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်မှာ ဖော်ဆောင်နေတဲ့ ၁၁၁၁ စစ်ဆင်ရေး ပထမရက် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရဲဘော်လားရှိုး ကျဆုံးခဲ့ပြီး ၁၂ ရက်နေ့မှာ စျာပနပြုလုပ်ခဲ့တယ်လို့ Loikaw PDF က နိုဝင်ဘာ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ရဲဘော်တဦးက “ရင်ဘတ်ကို တိုက်ရိုက်ထိမှန်တယ်လို့ ကြားတယ်။ သူက တော်လှန်ရေးစိတ်ဓာတ် ပြင်းတယ်။ တိုက်ချင်ခိုက်ချင်စိတ် အပြည့်နဲ့ ရှေ့ကိုလိုက်တယ်။ ပိုပြီး ပြည့်စုံတဲ့တပ်ဖွဲ့မှာဆိုရင် သူ ပိုအလုပ်လုပ်နိုင်မယ်ဆိုတဲ့စိတ်နဲ့ Loikaw PDF ထဲကို ချိတ်ဆက်ပြီး သွားလိုက်တဲ့အချိန် ရှေ့ကိုလိုက်ရင်း ကျသွားတာပေါ့” လို့ ပြောပါတယ်။

ရဲဘော်လားရှိုးဟာ ဘုရားဖြူတိုက်ပွဲ မတိုင်မီကတည်းက တိုက်ပွဲများစွာကို စိတ်ဓာတ်တက်ကြွစွာနဲ့ လိုက်လံတိုက်ခိုက်နေတဲ့ ရဲဘော်တဦးဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော်လားရှိုးရဲ့ ကျဆုံးမှုအတွက် သူငယ်ချင်းရဲဘော်တွေနဲ့ Loikaw PDF တပ်ဖွဲ့က အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုပြီး မိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

Loikaw PDF က မပြီးပြတ်သေးတဲ့ တော်လှန်ရေး လုပ်ငန်းစဥ်တွေကို ဆက်လက် ဆောင်ရွက်သွားပြီး စစ်အာဏာရှင် ကျရှုံးဖို့အတွက် ပါဝင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူ များပြားကာ ကာကွယ်ရေးတပ်ဖွဲ့တွေမှာလည်း ထိခိုက်ကျဆုံးရတချို့ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013