
အိန္ဒိယနိုင်ငံက မြို့အများအပြားဟာ နယူးဒေလီမြို့တော်လိုပဲ နိုဝင်ဘာ ၁၃ ရက်က လေထုညစ်ညမ်းမှု အဆိုးရွားဆုံး ၁၀ မြို့ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့လေထုညစ်ညမ်းမှု အရှိဆုံးမြို့တော် နယူးဒေလီဟာ လေထုအရည်အသွေး ညွှန်းကိန်း (AQI) ကိန်းဂဏန်း ၄၂၀ နဲ့ ထိပ်ဆုံးနေရာမှာရှိနေပြီး ဒီအဆင့်ကို အန္တရာယ်ရှိတဲ့ အမျိုးအစားမှာ ထည့်သွင်းထားတယ်လို့ ဆွစ်ဇာလန်အုပ်စု IQAir က ဆိုပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ဘက်က ကာလကတ္တားမြို့ဟာ AQI ၁၈၆ နဲ့ စတုတ္ထ၊ ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းက AQI ၁၆၃ နဲ့ အဋ္ဌမ၊ ပူးနေးမြို့က AQI ၁၆၂ နဲ့အသီးသီး ရောက်ခဲ့ကြပါတယ်။
AQI အဆင့် ၄၀၀ ကနေ ၅၀၀ ကြားဟာ ကျန်းမာတဲ့ လူတွေအပေါ် သက်ရောက်မှုရှိပြီး၊ ရောဂါအခံရှိသူတွေအတွက် အန္တရာယ်ရှိပါတယ်။
AQI အဆင့် ၁၅၀ ကနေ ၂၀၀ ကြားကတော့ ပန်းနာရင်ကျပ်၊ အဆုတ်နဲ့ နှလုံးပြဿနာရှိသူတွေအတွက် မသက်မသာ ဖြစ်စေနိုင်ပါတယ်။
Source/Photo-Reuters










