Home
နိုင်ငံတကာ
ဆန်ဖရန်စစ္စကို APEC အစည်းအဝေးကျင်းပချိန် ဂါဇာအရေး ဆန္ဒပြ
DVB
·
November 13, 2023

အစ္စရေး-ဟားမတ်စ်စစ်ပွဲမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုသူတွေ အပါအဝင် တခြား ပြဿနာ အများအပြားအတွက် ပစိဖိတ်ဖြတ်ကျော် နိုင်ငံရေးခေါင်းဆောင်တွေ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ နိုဝင်ဘာ ၁၂ ရက်က  APEC အစည်းအဝေးတက်နေတုန်း ဆန္ဒပြသူတွေက စုရုံးဆန္ဒပြခဲ့ကြပါတယ်။

ဆန်ဖရန်စစ္စကိုမြို့က ကူးတို့ အဆောက်အဦရှေ့၊ မြို့ဝင်ပေါက်ဝမှာရှိတဲ့ ပလာဇာပေါ်မှာ ဆန္ဒပြသူတွေဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ဖိုရမ်ကို ဆန့်ကျင်တဲ့ စာတန်းတွေနဲ့ ပိုစတာတွေ ကိုင်ဆောင်ထားကြပါတယ်။

စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲအတွက် တောင်းဆိုကြပြီး ပါလက်စတိုင်း အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

APEC ဖိုရမ် ကျင်းပရာနေရာမှာ လာမယ့်သီတင်းပတ်အတွင်း ဆန္ဒပြပွဲ အများအပြားကို ရဲတပ်ဖွဲ့က မျှော်လင့်ထားပြီး အခုသီတင်းပတ်မှာလည်း ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

နိုဝင်ဘာ ၁၅ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ APEC ဖိုရမ်အတွင်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ဂျိုးဘိုင်ဒင် သမ္မတတာဝန်ယူပြီးတဲ့နောက် ခေါင်းဆောင်နှစ်ဦးကြား ဒုတိယအကြိမ်တွေ့ဆုံမှု ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024