DVB Logo
Home
မြန်မာသတင်း
မြိတ်-ရန်ကုန် အမြန်ရေယာဉ် ပြန်လည်ပြေးဆွဲရန် စီစဉ်နေ
DVB
·
November 13, 2023
မြိတ်-ရန်ကုန် အမြန်ရေယာဉ် ပြန်လည်ပြေးဆွဲရန် စီစဉ်နေ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့နဲ့ ရန်ကုန်မြို့ကို အမြန်ရေယာဉ် ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိကသင်္ဘောလုပ်ငန်းရှင်များ အသင်းထံက သိရပါတယ်။

မြိတ်-ရန်ကုန် အမြန်ရေယာဉ်ခရီးစဉ်ကို ၂၀၁၃ ခုနှစ်မှာ ပြေးဆွဲပြီးနောက် ရပ်နားခဲ့ရပြီး အခုလို ပြန်လည်ပြေးဆွဲနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာဟာ ခရီးသွားပြည်သူတွေ ခရီးသွားလာရေး အဆင်ပြေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

“အမြန်ရေယာဉ်ပြေးဆွဲမယ့်ကိစ္စက စီစဉ်နေတုန်းပါ။ ခရီးသွားတဲ့လူ အခြေအနေပေါ် မူတည်ပြီးမှ စတင်ပြေးဆွဲမှာပါ” လို့ ပုဂ္ဂလိက သင်္ဘောလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

အဆိုပါ မြိတ်-ရန်ကုန် အမြန်ပြေးဆွဲနိုင်ဖို့အတွက် စီစဉ်နေတဲ့ အမြန်ရေယာဉ်မှာ မြိတ်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးကျောက်စိမ်းရဲ့ အမြန်ရေယာဉ်လို့သိရပြီး အခုလက်ရှိမှာတော့ အမြန်ရေယာဉ် ပြေးဆွဲနိုင်ဖို့အတွက် ဦးကျောက်စိမ်းနဲ့ ညှိနှိုင်းဆောင်ရွက်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ခရီးသွားပြည်သူတဦးက “အခုလက်ရှိမှာ စစ်ရေးပဋိပက္ခတွေကြောင့် ကားလမ်းနဲ့ ခရီးသွားရင်လည်း အန္တရာယ်အရမ်းများတယ်။ လေယာဉ်လက်မှတ်ကလည်း သုံးသိန်းဝန်းကျင်လောက် ရှိတယ်။ အခုလိုမျိုး အမြန်ယာဉ်နဲ့ ခရီးသွားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတာဟာ ကျ‌နော်တို့ ခရီးသွားပြည်သူတွေအတွက် ပိုအဆင်ပြေလာလိမ့်မယ်” လို့ ပြောပါတယ်။

“မြိတ်-ရန်ကုန် အမြန်ယာဉ်ခရီးစဉ်ရဲ့ ခန့်မှန်းကြာချိန်ဟာ ၁၂ နာရီဝန်းကျင်ခန့်ရှိတယ်။ ခရီးသည်ဦးရေဟာ အမြန်ယာဉ်အမျိုးအစားပေါ် မူတည်တယ်။ မြိတ်-ရန်ကုန် အမြန်ယာဉ်ခရီးစဉ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ခဏလေး ပြေးဆွဲလိုက်သေးတယ်။ မိုးရာသီဆို အမြန်ယာဉ်နဲ့ ကလဂုတ်ကျွန်းကိုဖြတ်ဖို့ အခက်အခဲရှိတယ်” လို့ မြိတ်-ရန်ကုန်ကို ရေကြောင်းနဲ့ ခရီးသွားခဲ့ဖူးတဲ့ ဒေသခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013