Home
မြန်မာသတင်း
ခင်ဦးတွင် NUG အစိုးရက တည်ဆောက်ခဲ့သည့် မူးချောင်းကူးတံတား ဖွင့်လှစ်
DVB
·
November 13, 2023

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦး​ဆောင်ပြီး တည်ဆောက်ခဲ့တဲ့ တံတားအရှည် ပေ ၄၀ နဲ့ အကျယ် ၁၅ ပေရှိ အာစီ ကွန်ကရစ်တံတားကို နိုဝင်ဘာ ၁၂ ရက်က အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီတံတားကို ဒို့များညီက ချမ်းသာရလို့ အမည်ပေး ဖွင့်လှစ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဒေသဖွံ့ဖြိုးရေး အလှူငွေနဲ့ ပြည်သူလူထုထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း မြန်မာငွေ ကျပ် ၂၈၅ သိန်း ကုန်ကျခဲ့တယ်လို့ တံတားဖြစ်မြောက်ရေး ကော်မတီဝင်တဦးက ပြောပါတယ်။

တံတားဖွင့်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် (ပကဖ) တို့က တခြား ရေးရာတာဝန်ခံတွေနဲ့အတူ တက်ရောက်ဖွင့်လှစ် အားပေးခဲ့ပါတယ်။

အဲဒီတံတားဟာ ခင်ဦးမြို့နယ်တွင်း စစ်ဘေးရှောင်တွေ မကြာခဏ အသုံးပြုနေရတဲ့ မူးချောင်းကူးတံတားဖြစ်ပြီး တော်လှန်ရေးကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရက အကောင်အထည်ဖော်ခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတခု ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024