DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် သပြေပန်း ပန်ပြီး ဓာတ်ပုံရိုက် လူမှုကွန်ရက်တင်သူ အမျိုးသမီး ၁၀ ဦးကျော် ဖမ်းခံရ
DVB
·
November 12, 2023
မန္တလေးတွင် သပြေပန်း ပန်ပြီး ဓာတ်ပုံရိုက် လူမှုကွန်ရက်တင်သူ အမျိုးသမီး ၁၀ ဦးကျော် ဖမ်းခံရ
Donate to DVB

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်က အမျိုးသမီး ၁၀ ယောက်ကျော်ဟာ သပြေပန်း ခေါင်းမှာပန်ပြီး ဓာတ်ပုံရိုက်၊ လူမှုကွန်ရက်မှာတင်လို့ ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဆီက သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းအချိန်ကတည်းက မန္တလေးမြို့ လူစည်ကားရာ နေရာတွေနဲ့ ဈေးတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင် မိသားစုတယောက်က “တော်လှန်သပိတ်ရှိတယ် ဆိုတာ သိထားတော့ လုပ်နေကျပုံစံအတိုင်းပဲ လုပ်ကြတာ။ စစ်ကောင်စီအရာရှိက မနက်ကတည်းက စခန်းလာပြီး ရဲတပ်သားတွေကို ခေါ်ထုတ်သွားတာ။ လုံခြုံရေးပတ်ပြီး ဘယ်သူ သပြေပန်း ပန်လဲ ဆိုတာ ပတ်ကြည့်ကြတာ။ အဖမ်းခံရတဲ့သူ အများစုက လိုင်းပေါ်တင်လို့ အဖမ်းခံကျရတာ။ လမ်းတွေနဲ့ သူတို့လိုက်စစ်တဲ့နေရာတွေက ဖမ်းလာတာတော့ မဟုတ်ဘူး” လို့ ပြောပါတယ် 

“၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြိုဆို ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ” ဆိုတဲ့ လူထုလှုပ်ရှားမှုတခုကို နိုဝင်ဘာ ၁၁ ရက်မှာ ပြုလုပ်မှာဖြစ်လို့ လူထုတရပ်လုံး ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၁၀ ရက်က တိုက်တွန်း လှုံ့ဆော်ခဲ့ပါတယ်။

အခုလို လှုံ့ဆော်တာကြောင့် သပြေပန်း ပန်ပြီး ဓာတ်ပုံရိုက် လူမှုကွန်ယက်တင်သူတွေကို သူတို့ နေထိုင်ရာ နေအိမ်တွေမှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီလို ဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက စုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီအရာရှိဆီ ဖုန်းနဲ့ ဆက်သွယ်အ ကြောင်းကြားပြီး ဖမ်းခိုင်းခဲ့တာလို့ သိရပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ၂၀၂၃ ခုနှစ်  ၁၁ လ၊ ၁၁ ရက်နေ့က သပြေပန်းသပိတ်ကို အနယ်နယ်အရပ်ရပ်က တော်လှန်ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။

နိုဘာလ ၈ ရက်နေ့ကလည်း မန္တလေးမြို့မှာ စစ်ကောင်စီက ပေါ်တာဆွဲနေတယ်လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြသူ အမျိုးသား ၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၂ ယောက်ကိုတော့ ကျပ်သိန်း ၆၀ ယူပြီး နယ်မြေခံရဲစခန်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo Cj

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013