DVB Logo
Home
အားကစား
ကမ္ဘာ့ကာယဗလပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်ဆု ၁ ဆု ဆွတ်ခူး 
DVB
·
November 11, 2023
ကမ္ဘာ့ကာယဗလပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်ဆု ၁ ဆု ဆွတ်ခူး 
Donate to DVB

တောင်ကိုရီးယားနိုင်ငံက နိုဝင်ဘာ ၆ ရက်ကနေ ၁၂ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့  ၁၄ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနဲ့ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲမှာ မြန်မာ့ကာယဗလအသင်းမှ ရွှေတံဆိပ်ဆု ၁ခုနဲ့ ငွေတံဆိပ်ဆု ၁ ခုဆွတ်ခူးခဲ့ပါတယ်။

မြန်မာ့ကာယဗလအားကစားအဖွဲ့ဟာ ကမ္ဘာ့ကာယဗလနဲ့ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ကစားသမား ၂ ဦးနဲ့သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့် နှစ်ဦးစလုံးဆုတံဆိပ် ဆွတ်ခူး နိုင်ခဲ့ ပါတယ်။

မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို ၁၇၅ စင်တီမီတာအထက် Sport Physique ပြိုင်ပွဲတွင် ငြိမ်းချမ်းကဆွတ်ခူးခဲ့ပြီး ငွေတံဆိပ်ဆုကို ကာယဗလ ၇၀ ကီလိုတန်းတွင် ရဲထွန်းနောင်က ဆွတ်ခူး ခဲ့ပါတယ်။

မြန်မာ့ကာယဗလကစားသမားငြိမ်းချမ်းဟာ ယခုနှစ်အတွင်းကျင်းပတဲ့ အရှေ့တောင်အာရှ ချန်ပီယံ ရှစ်ပြိုင်ပွဲ၊  အာရှချန်ပီယံရှစ်ပြိုင်ပွဲနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ ၃ခုစလုံးမှာ ရွှေတံဆိပ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013