DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်က စစ်ရှောင်များ ထွက်မရသေး၊ ချင်းရွှေဟော်မြို့က ပြန်လိုသူများ ‘ဝ’ ပြည်ဘက်က ပြန်ခွင့်ရ
DVB
·
November 11, 2023
တရုတ်နယ်စပ်က စစ်ရှောင်များ ထွက်မရသေး၊ ချင်းရွှေဟော်မြို့က ပြန်လိုသူများ ‘ဝ’ ပြည်ဘက်က ပြန်ခွင့်ရ
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းရွှေဟော်ရဲ့တဖက် တရုတ်နယ်စပ်ဘက်က စစ်ရှောင်တွေ လတ်တလောထွက်လို့မရသေးကြောင်းနဲ့ ချင်းရွှေဟော်မြို့ကနေ ပြန်လိုသူတွေကတော့ ‘ဝ’ ပြည်ဘက်ကနေ ပြန်လို့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

နယ်စပ် ဒေသခံ အမျိုးသမီးတယောက်က “ပေးမထွက်ဘူးလို့ ကြားတယ်။ ဝင်တုန်းကလည်း သူတို့ ပေးဝင်တုန်းဝင်တာ။ ထွက်ရင်လည်း သူတို့ ပေးထွက်မှ ထွက်ရမယ် ကြားတယ်” လို့ ပြောပါတယ်။ 

တရုတ်ဘက်ခြမ်း နယ်စပ်မှာ ရှောင်တဲ့သူတွေကို ဖုန်းတွေသိမ်းထားတယ်လို့လည်း ကြားရကြောင်း သူက ပြောပါတယ်။ 

“အဲဒီ တရုတ်နယ်စပ်ဘက် ရှောင်တဲ့သူတွေကို ဖုန်းသိမ်းတယ်ဆိုတာက သူတို့ ဓာတ်ပုံရိုက် လိုင်း‌ပေါ်တင်မှာ ကြောက်လို့ပါ။ စစ်ရှောင်တွေကို ကျွေးတဲ့ထမင်းက သိုးသွားတဲ့ဟာတွေ။ ပူလို့လေ။ အဲဒါ သူများပြန်တင်ထားတာ။ အစက ဖုန်းသုံးလို့ရတယ်။ သူတို့ အဲလိုတင်လို့နေမှာ။ ပြန်တင်မှာကြောက်လို့လေ။ သိမ်းလိုက်တာ” လို့ သူက ရှင်းပြပါတယ်။ 

ချင်းရွှေဟော်မှာ နေထိုင်လို့ရပေမယ့် အလုပ်အကိုင် အဆင်မပြေတဲ့အပြင် ကုန်ဈေးနှုန်း အဆမတန် ထိုးတက်နေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ချင်းရွှေ‌ဟော် ရောက်နေတဲ့ လူငယ် ၁ ယောက်က ပြောပါတယ်။ 

"(တရုတ်ဘက်ခြမ်းက)ထွက်လာလို့ မရသေးဘူး။ ချင်းရွှေဟော်က တချို့တော့ ‘ဝ’ ပြည်ဘက် ပို့ပေးတယ်။ ဗမာ ဆိုရင် ‘ဝး ပြည်ဘက် သိပ်လက်မခံဘူး။ ပေး မဝင်ဘူး။ ဒီဘက်မှာ ဆန် ၂ ပြည်လောက် အိတ်သေးတောင် ၂၀၀ ကျော်သွားပြီ။ ဆန် တအိတ် ယွမ် ၁၀၀၀ ကျော်သွားပြီ။ အဲဒါကြောင့် ဒီက လူတွေ တော်တော်ခက်ခဲနေတယ်" လို့ ပြောပါတယ်။ 

ချင်းရွှေဟော်ကနေ ‘ဝ’ ဘက် နမ့်တစ်ထဲကို ကိုးကန့်ဘက်က ကားကြီးနဲ့ ပို့ပေးပြီး လိုင်းကားနဲ့တဆင့် လားရှိုးကို ပြန်ရတယ်လို့ လက်ရှိပြန်နေတဲ့ အမျိုးသမီး ၁ ယောက်က ပြောပါတယ်။ 

"ချင်းရွှေဟော်ကနေ နမ့်တစ်ထဲကိုဝင်ပြီး မိုင်းမော၊ ပန်ဆန်းဖြတ်ပြီး အခုတန့်ယန်းမှာ။ ဟုတ်တယ်။ ဖုန်းသိမ်းတယ်။ ... ကျမတို့ ရှေ့တင်ပဲ ဆိုင်ကယ်‌တွေ၊ တချို့ ကားတွေ ထားခဲ့ရတယ်။ လူတွေကိုတော့ ကားကြီးနဲ့ခေါ်ပြီးတော့ အဲဒီ ‘ဝ’ ထဲကို ပို့ပေးတယ်လေ” လို့ ပြောပါတယ်။ 

ပြန်ဖို့ကား မရရင်တော့ တချို့က နမ့်တစ်က စစ်ရှောင်စခန်းမှာ နေကြတယ်လို့ ဆိုပါတယ်။ 

လောက်ကိုင်ကနေ ချင်းရွှေဟော်ကို ပြန်တဲ့သူတချို့ နိုဝင်ဘာ ၁၀ ရက်က ပြန်လှည့်လာကြသလို လူအများအပြားလည်း တိုက်ပွဲကြောင့် လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက ပါစင်ကျော်ရွာနား ပိတ်မိပြီး ဒုက္ခရောက်နေကြတယ်လို့ လောက်ကိုင် ရောက်နေသူတွေ က ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013