DVB Logo
Home
Lead Story
ဆမ်ဆောင်းနှင့် အော်ရီဒူး ပူးပေါင်း ပရိုမိုးရှင်းလုပ်
DVB
·
August 15, 2014
ဆမ်ဆောင်းနှင့် အော်ရီဒူး ပူးပေါင်း ပရိုမိုးရှင်းလုပ်
Donate to DVB

Samsungမြန်မာနိုင်ငံမှာ ပထမဦးဆုံး ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီတခုနဲ့ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတခု ပူးပေါင်းပြီး ပရိုမိုးရှင်းတခု ပြုလုပ်ပါတယ်။

ဆမ်ဆောင်းကုမ္ပဏီက ထုတ်လုပ်တဲ့ ဂလက်ဆီ ၅ ဟန်းဆက် ၀ယ်ယူသူတွေဟာ အော်ရီဒူး ဆင်းကတ်တခု အခမဲ့ရမယ့်အပြင် အခြားသော အခွင့်အရေးတွေကိုလည်း ရရှိ ခံစားနိုင်မယ့်အကြောင်း ဒီနေ့ ကြေညာပါတယ်။

ဆမ်ဆောင်း ဟန်းဆက်ဝယ်တဲ့သူတွေဟာ အော်ရီဒူးဆင်းကတ်အပြင် အော်ရီဒူး ဖုန်း အချင်းချင်း ၃ လ အခမဲ့ ဆက်သွယ်စကားပြောခွင့်၊ အခြားဖုန်းတွေကို မိနစ် ၁၀၀ အခမဲ့ ခေါ်ဆိုခွင့်၊ စာတို အစောင် ၁၀၀ အခမဲ့ ပို့ခွင့်နဲ့ မဂ္ဂါဗိုက် ၁၀၀ ပမာဏ အင်တာနက် အခမဲ့ သုံးခွင့်ရမယ်လို့ ကြေညာထားပါတယ်။

၃ ဂျီ စနစ် အသုံးပြုနိုင်တဲ့ ဆမ်ဆောင်း ဂလက်ဆီဟန်းဆက်ကို ကျပ် ၉၇၅၀၀ ဈေးနှုန်း သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013