Home
မြန်မာသတင်း
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ
DVB
·
November 11, 2023

ထိုင်းနိုင်ငံ၊ စူဖန်ဘူရီခရိုင်၊ ဒန်ချန်းမြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား ၁၂ ယောက်ကို နိုဝင်ဘာ ၈ ရက် ညပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ Siamrath မီဒီယာမှာ ဖော်ပြထားပါတယ်။

ဒန်ချန်းမြို့နယ်၊ အမှတ် ၄ ဝမ်ခန်ကျေးရွာမှာ နိုဝင်ဘာ ၈ ရက် ညပိုင်းကမသင်္ကာဖွယ်ရာပစ်ကပ်ကားတစီးတွေ့ရလို့ ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှာ အထောက်အထား စာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား ၁၂ ယောက် နဲ့ ထိုင်းနိုင်ငံသားယာဉ်မောင်းတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ ကရင်ပြည်နယ်၊ မြဝတီမြို့ကတဆင့်ထိုင်းနိုင်ငံ လော့ချ်ဘူရီ၊ ဘန်ကောက်နဲ့ ပထုံဌာနီတို့ကို သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက်ပွဲစားခ ၂၀,၀၀၀ ပေးခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းယာဉ်မောင်းဟာ မြန်မာအလုပ်သမားတယောက်ကို ဘတ် ၂,၀၀၀ စီနဲ့မောင်းနှင် ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး အမှတ် ၃၄၀ အဝေးပြေးလမ်းမဟာ အစစ်အဆေး များတဲ့အတွက်အမှတ် ၃၃၃ အဝေးပြေးလမ်းမကို ပြောင်းလဲအသုံးပြုချိန်မှာ ဖမ်းဆီးခံခဲ့ ရတာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မြန်မာအလုပ်သမား ၁၂ ယောက်နဲ့ထိုင်ယာဉ်မောင်းတို့ကို ဥပဒေအရ ဆက်လက် အရေးယူနိုင်ဖို့အတွက် ဒန်ချန်းရဲစခန်းကို ပို့ဆောင်စစ်ဆေးနေတယ်လို့ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Source/Photo .Siamrath

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024