DVB Logo
Home
နိုင်ငံတကာ
အမေရိကန် B-21  ကိုယ်ပျောက်ဗုံးကြဲလေယာဉ်သစ် ပထမအကြိမ်ပျံသန်း 
DVB
·
November 11, 2023
အမေရိကန် B-21  ကိုယ်ပျောက်ဗုံးကြဲလေယာဉ်သစ် ပထမအကြိမ်ပျံသန်း 
Donate to DVB

နျူကလီးယားဗုံးသယ်နိုင်၊ တာဝေးပျံနိုင်စွမ်းရှိတဲ့  ကိုယ်ပျောက်ဗုံးကြဲလေယာဉ်သစ်တွေပါတဲ့ အမေရိကန်လေတပ်ရဲ့ B-21 "ရိတ်ဒါ" ဗုံးကြဲလေယာဉ်ဟာ တာဝန်ထမ်းဆောင်ဖို့  နိုဝင်ဘာ ၁၀ ရက်က  ပထမဆုံးအကြိမ် ပျံသန်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

နော့သ်ရုပ် ဂရမ်မန် ကော်ပိုရေးရှင်းက တည်ဆောက်ထားတဲ့ B-21 ဗုံးကြဲ လေယာဉ်အသစ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖန်းမ်ဒေးလ်မှာရှိတဲ့ လေတပ်ရဲ့ Plant 42 က နော့သ်ရုပ်စက်ရုံကနေ ထွက်လာခဲ့တာကို နေထွက်ချိန်မှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။ 

လေတပ် ခေါင်းဆောင်တွေက B-21 လေယာဉ်ရဲ့ ပထမဆုံး ပျံသန်းမှုကို လူသိရှင်ကြား မထုတ်ပြန်ခဲ့ပေမဲ့ ဗုံးကြဲလေယာဉ်က ကောင်းကင်ပေါ် ပျံတက်သွားတာကို မြင်နိုင်တွေ့ရဖို့ ဒါဇင်ချီတဲ့ လေကြောင်း ဝါသနာရှင်တွေနဲ့ အပျော်တမ်း ဓာတ်ပုံဆရာ သုံးဦးလောက်က Plant 42 အနီးတဝိုက်မှာ သောကြာနေ့က စောင့်နေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

B-21 ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ လူသိရှင်ကြား ထုတ်ပြခဲ့ပေမဲ့ ပထမဆုံး ပျံသန်းနိုင်ဖို့ တင်းကျပ်တဲ့ လုံခြုံရေးအောက်မှာ နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်နေခဲ့ တာပါ။

B-21 လေယာဉ်ဟာ ပြုပြင်ထိန်းသိမ်းမှု အနည်းငယ်ပဲလိုအပ်ပြီး လည်ပတ်မှုကုန်ကျစရိတ်နဲ့ အချိန်ကုန်သက်သာစေဖို့ မျှော်လင့်ထားကာ တာရှည်ခံ၊ ကိုယ်ပျောက်နိုင်တဲ့ မျက်နှာပြင်ပစ္စည်း တွေလည်း ပါတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013